
၂၄.၆.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးနဲ့ အီရန်တို့ရဲ့ ၁၂ ရက်ကြာ ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ကြဖို့ နှစ်ဖက်စလုံးက လက်ခံသဘောတူညီလိုက်ကြတယ်လို့ အမေရိကန်စံတော်ချိန် ဇွန်လ ၂၃ ရက် ညနေပိုင်းမှာကြေညာခဲ့ပြီး အပစ်အခတ်ရပ်စဲရေးက အမြဲတန်းတည်မြဲဖို့ မျှော်လင့်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံးက တိုက်ခိုက်မှုအသစ်တွေထပ်မံ ပြုလုပ်ဖို့ ခြိမ်းခြောက်လာကြပြီး မကြာခင်မှာပဲ ခုလိုကြေညာချက် ထွက်လာတာပါ။
အီရန်အစိုးရတာဝန်ရှိသူတစ်ဦးက အီရန်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူတယ်လို့ အတည်ပြုပြောခဲ့ပါတယ်။ အစ္စရေး ဘက်ကလည်း အီရန်က သူ့နိုင်ငံကို တိုက်ခိုက်နေမှုတွေရပ်ဆိုင်းပေးရင် အပစ်အခတ်ရပ်စဲရေးကိုသဘောတူမယ်လို့ပြောခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးကပြောခဲ့ပါတယ်။
ကာတာနိုင်ငံက အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်သူအဖြစ်ကူညီဆောင်ရွက်ခဲ့ပြီးညှိနှိုင်း ဆွေးနွေးပွဲကိုထပ်မံအတည်ပြုမယ်လို့ စီအန်အန် သတင်းဌာနက ဆိုပါတယ်။
အီရန်က ကာတာနိုင်ငံမှာရှိတ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အယ်လ်အူဒိတ် လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ ဇွန်လ ၂၃ ရက်မှာ တိုက်ခိုက်ခဲ့ပြီးမကြာခင်မှာ ထရန့်က ခုလို ကြေညာခဲ့တာပါ။
Ref- Reuters
