April 29, 2024

၃၀. ၁. ၂၀၂၃
Written by Pan Ei

လှူဒါန်းမှုဗီဒီယိုတွေကြောင့် ကျော်ကြားတဲ့ အမေရိကန် ယူကျူ့ စူပါစတား Mr Beast ဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ခွဲစိတ်ဖို့မတတ်နိုင်တဲ့ မျက်စိကွယ်နေသူ လူ ၁၀၀၀ အတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

ယူကျူ့ဘာ MrBeast (အမည်ရင်း Jimmy Donaldson) က မျက်စိကွယ်နေသူ ဒါမှမဟုတ် မျက်စိကွယ်လုနီးဖြစ်နေသူ လူ ၁၀၀၀ ခွဲစိတ်နိုင်ဖို့ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ဗီဒီယိုဟာ ယူကျူ့မှာတင်ပြီး ၂၄ နာရီ မပြည့်ခင်မှာဘဲ ကြည့်ရှူသူ ၃၂ သန်းကျော် ရှိခဲ့ပါတယ်။

ခွဲစိတ်မှု စုစုပေါင်း ၁၀၀၀ ဟာ သုံးပတ်ခန့်အကြာမှာ ပြီးစီးခဲ့ပြီး ဂျမေကာ၊ ဟွန်ဒူးရပ်စ်၊ နမီးဘီးယား၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဗီယက်နမ်နဲ့ ကင်ညာ စတဲ့နိုင်ငံတွေက လူနာတွေပါဝင်ကာ လူနာတွေထဲကအချို့ကို ငွေသားနဲ့ အခြားလက်ဆောင်တွေလည်း ပေးအပ်ခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုထဲမှာ ခွဲစိတ်မှုအပြီး ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံနဲ့ မြင်နေရတဲ့ လူနာတွေရဲ့ ပုံရိပ်တွေလည်းပါဝင်ပြီး ကြည့်ရှုသူတွေက ကြည်နှုးဖွယ် လှူဒါန်းမှု ဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် Mr Beast ဟာ ခွဲစိတ်သူတွေထဲက ကောလိပ်ကျောင်းသားတစ်ဦးကို ပညာရေးထောက်ပံ့ငွေ ဒေါ်လာ ၅၀၀၀၀ လှူဒါန်းခဲ့ပြီး မျက်စိမြင်ရရင် ကားမောင်းချင်တယ်ဆိုသူတစ်ဦးကိုလည်း Tesla ကားသစ်တစ်စီး ဝယ်ပေးခဲ့ပါသေးတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *