
၂၂.၆.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံက ထူးချွန်ထက်မြက်ပြီးအရည်အချင်းရှိတဲ့ အလှမယ်တွေကိုရွေးချယ်ပေးတဲ့ Miss Grand Myanmar 2025 Grand Final ပြိုင်ပွဲကြီးကို ဇွန်လ ၂၁ ရက် ည ၇ နာရီက ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းရှိ Hexagon Complex မှာ ကျင်းပခဲ့ရာ Winner ဆုကို နမ့်ခမ်းအလှမယ် JK Sofia က ဆွတ်ခူးရရှိခဲ့ပါတယ်။
“Crown ဆောင်းခဲ့ရတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားမိတယ်။ မျှော်လင့်ချက်တွေ ပြည့်စုံသွားပါပြီ။ JK အတွက် ၂၀၂၅ က တကယ့်ထူးခြားတဲ့နှစ်ပါ။ GYM သေချာဆော့ပြီး Train သွားပါမယ်။ Body, Beauty , Brain နဲ့ ပြည့်စုံအောင်ကြိုးစားပါမယ်။ မြန်မာ့ဂုဏ်ဆောင်အဖြစ် ပြည်ပမှာ သွားပြိုင်တဲ့အချိန်မှာလည်းအားပေးကြပါဦး”လို့ Miss Grand Myanmar 2025 Winner ဆုရှင် JK Sofia က ပြောပါတယ်။





အဆိုပါ အခမ်းအနားမှာတော့ Miss Grand International 2023 1st Runner Up ဆုရှင် နီနီလင်းအိမ်၊ Miss Grand International 2024 ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ Christine Julian Opiaza Philippines၊ Miss Grand Myanmar ရဲ့ National Director မရန်ဆိုင်းနော်၊ အဆိုတော် The Sai၊ Makeup Artist တွေဖြစ်တဲ့ ခင်စန်းဝင်း၊ မေဦးမောင် (တော်ဝင်သူ)၊ ဒီဇိုင်နာ သျှတ္တရ၊ ဒီဇိုင်နာ ပြည်စိုးအောင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ပြိုင်ပွဲမှာ အလှမယ် ၂၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ Tilte Award ဆုတွေ ပေးအပ်ခဲ့ပြီး Top 15 ရွေးချယ်ခဲ့ပါတယ်။ Top 15 Final ပြိုင်ပွဲကို ဆက်လက်တက်လှမ်းခဲ့ရာ Top 11 ထပ်မံရွေးခဲ့ပါတယ်။ Top 11 ကနေ Top 7 အနေနဲ့ ရန်ကုန်အရှေ့၊ ဝိုင်းမော်၊ မကွေး၊ မန္တလေး၊ ဟားခါး၊ ဗန်းမော်နဲ့ နမ့်ခမ်းတို့ကို ရွေးချယ်ခဲ့ပါတယ်။
အဲ့ဒီနောက် Best Evening Grown Award ဆုကို ရန်ကုန်အရှေ့အလှမယ် အထင်ကရပိုပို ၊ Super Model of the Grand ဆုကို မန္တလေးအလှမယ် မေသဇင်ဦး၊ Face of the Grand ဆုကို ဝိုင်းမော်အလှမယ် Hkawng Tsai ၊ Rising Star Award ဆုကို တောင်ကြီးအလှမယ် သင်ဇာတိုးဝင်း၊ LV Clinic က Real Beauty by LV Clinic ကို Lashi Aung Bu စတဲ့သူတွေ ရရှိခဲ့ကြပါတယ်။
Miss Grand Myanmar 2025 ပြိုင်ပွဲကြီးမှာ 1st Runner Up ဆုကို ရန်ကုန်အရှေ့အလှမယ် အထင်ကရပိုပို၊ 2nd Runner Up ဆုကို မကွေးအလှမယ် သရဖီမောင်၊ 3rd Runner Up ဆုကို ဗန်းမော်အလှမယ် Julie Htoi San၊ 4th Runner Up Award ဆုကို ဟားခါးအလှမယ် အိမ့်မှူးသွယ်အောင် ၊ Winner ဆုကို နမ့်ခမ်းအလှမယ် JK Sofia တို့ ရရှိခဲ့ကြပါတယ်။
