၂၁.၆.၂၀၂၅
Written By Thandar
အောင်သီရိ Vision မျက်စိစမ်းသပ်ခန်းနဲ့ မျက်မှန်ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီးရှိ စံရိပ်ငြိမ် (၃)လမ်းထိပ်မှာ အနုပညာရှင်တွေအတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
“အောင်သီရိက ရန်ကုန်မှာ ၄ ဆိုင်မြောက်ဖွင့်လှစ်တဲ့ ဆိုင်လည်းဖြစ်ပါတယ်။ မန္တလေးမှာ ၃ ဆိုင်ဖွင့်ထားတာကြာပြီလို့ သိရပါတယ်။ မျက်မှန်နဲ့ပတ်သက်ပြီး အမှတ်တရတွေရှိတယ်။ ကျွန်တော် မျက်မှန်တပ်ရတဲ့ သူတစ်ယောက်ဆိုတော့ မျက်မှန်မရှိ မဖြစ်ဘူး။ ကားတံခါးဖွင့်လိုက်တာနဲ့ ရေငွေ့ရိုက်တာတွေ ကြုံရသလို ဟင်းအပူလေးတွေ သောက်ရင်လည်း မျက်မှန်ကို အငွေ့တွေကြောင့် ကြည့်မရတာတွေကြုံခဲ့ရတယ်။ မျက်လုံးကိုလေဆာပစ်လိုက်မှ သက်သာသွားလို့ မျက်မှန်တပ်တာ ခဏသက်သာသွားတာပါ” လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
အဆိုပါအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ညီနန္ဒ၊ ညီထွဋ်ခေါင်၊ ဗညားဘုန်းပြည့်၊ တိုင်ရွန်၊ ကျော်ထက်အောင်၊ ရှိန်းတင်ထူး၊ အကယ်ဒမီ ဝါဝါအောင်၊ ရွှေသမီး၊ ရတနာဗိုလ်၊ ယုသန္တာတင်၊ ဆုအိမ့်စံ၊ ဒါရိုက်တာမယ်မင်းဘုံ၊ ခိုင်နှင်းဝေ၊ ခြူးလေး စတဲ့သူတွေ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဇွန်လ ၂၁ ရက်နေ့နဲ့ ဇွန်လ ၂၂ရက်နေ့မှာ မျက်မှန်တွေကို ၂၀ ရာခိုင်နှုန်း အထူးလျှော့စျေးနဲ့ ရောင်းချ ပေးထားတယ်လို့ သိရပါတယ်။
#Tryon #KyawHtetAung #YadanarBo #ShweThamee #SheinTinHtoo
#AungThiriVISION #DESIGNSFOREVERYONE
#အောင်သီရိVision











