
၂၀ . ၆. ၂၀၂၅
Written by Nay Moe
လုံခြုံရေးဆောင်ရွက်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ကို PDF ၁၅ ဦးက လာပစ်ခတ်၍ အုပ်ချုပ်ရေးမှူး ဦးခေါင်းပွင့်ထွက် သေဆုံးမှု မြင်းခြံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ကျေးရွာ၌ သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်(၃၉)နှစ်ပါ ပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် PDF ၁၅ ဦးခန့်(စိစစ်ဆဲ)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာမှ ဦးမင်းသိုက်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။