April 29, 2024

MT News

Written by Thettant

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်၏ အထင်ကရနေရာတခုဖြစ်သော Time Square တွင် ဇန်နဝါရီ ၂၈ရက်က Newyork City Burmese Community မှ ဦးဆောင်ကာ မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ ၂ နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော်ထုတ်ပွဲကျင်းပခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို နယူးယောက်စံတော်ချိန် စနေနေ့မနက် ၁၁ နာရီမှ နေ့လည် ၁ နာရီထိကျင်းပခဲ့ပြီး နယူးယောက်နှင့်အနီးတဝိုက်မှ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူ အများအပြားတက်ရောက်ခဲ့ကြသည်။

“တော်လှန်ရေးအစ ..သံပုံးက ..မိစ္ဆာတွေကို နှင်ထုတ်ကြ”ဟူသော ကြွေးကြော်သံများဟစ်ကြွေးကာ မြန်မာပြည်မှပြည်သူများနှင့်အတူ နယူးယောက်ရောက်မြန်မာနိုင်ငံသားများအမြဲရှိနေသည်ကို သိရှိစေကြရန်အတွက် ဒန်အိုး၊ ဒန်ပြားများ နိုင်ရာသယ်လာပြီး သံပုံးတီးဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု NYCBC က သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News