April 29, 2024

MT News

Written by Ye Kyaw

နေပြည်တော်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်လျက်ရှိရာ အံ့ဖွယ်ရုပ်ပွားတော်ကြီးအဖြစ် ပေါ်ထွက်လာမည်ဖြစ်သဖြင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပဘုရားဖူးများ လာရောက်တည်းခို နေထိုင်မှုများရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်လျက်ရှိရာ အံ့ဖွယ်ရုပ်ပွားတော်ကြီးအဖြစ် ပေါ်ထွက်လာမည်ဖြစ်သဖြင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပဘုရားဖူးများ လာရောက်တည်းခို နေထိုင်မှုများရှိလာမည်ဖြစ်ကြောင်း ဟိုတယ်များအနေဖြင့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း ဒေါက်တာဌေးအောင်က ပြောသည်။

နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ရှိနေသဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းများရှိကြောင်း၊ နေပြည်တော်ကို Green City၊ Clean City၊ Smart City ဖြစ်အောင် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာ ဟိုတယ်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ကြောင့် ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များဖြင့် Green Zone များ ဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးနှင့် Health and Safety Protocols-HSP အစီအစဉ်များနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ကိုလည်း လိုက်ပါအသုံးပြုကြရန်လိုအပ်ကြောင်း၊ ဟိုတယ်များအနေဖြင့် လုံခြုံရေး၊ ညအချိန်ရောင်စုံမီးလုံးများ ထွန်းလင်းထားရှိရေးတို့ကို အထူးအလေးထားဂရုတစိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *