April 29, 2024

MT News

Translated by Htwe Ko Tun

အိန္ဒိယလေတပ်မှ တိုက်လေယာဥ်နှစ်စီး ဇန်နဝါရီ ၂၈ ရက် နံနက်က စစ်ဆင်ရေးဆိုင်ရာပျံသန်းမှု အလှည့်ကျ လေ့ကျင့်ရေးတာဝန်အရ ပျံသန်းလေ့ကျင့်နေကြစဥ် ပျက်ကျခဲ့ရာ လေယာဥ်မှူးတစ်ဦးအသက်ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါဖြစ်ရပ်မှာ ရုရှားလုပ် Su-30 တိုက်လေယာဥ်တစ်စီးနှင့် ပြင်သစ်လုပ် Mirage 2000 တိုက်လေယာဥ်တစ်စီး တို့ လေ့ကျင့်ပျံသန်းနေစဥ် မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Mirage 2000 လေယာဥ်အား မောင်းနှင်သူ လေသူရဲမှာ ပြင်းထန်စွာဒဏ်ရာရကာ အသက်ဆုံးရှုံးခဲ့ရသည်။ Su 30 လေယာဥ်၏ လေသူရဲ နှစ်ဦးမှာမူ ဒဏ်ရာများရရှိခဲ့ကြောင်း အိန္ဒိယလေတပ်က ကြေညာခဲ့သည်။

အဆိုပါလေယာဥ်မတော်တဆမှုက မတ်ဒရာ ပရာဒက်ရှ်ပြည်နယ်အတွင်း၊ ဂွာလီယာမြို့အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်စီးက ထိုပြည်နယ်အတွင်းပျက်ကျကာ အခြားတစ်စီးကအိမ်နီးချင်း ရာဂျာစတန်ပြည်နယ်အတွင်း ပျက်ကျခဲ့ခြင်းဟုလည်း သိရသည်။

Ref-Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *