April 28, 2024

MT News

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ လယ်ယာမြေစီမံခန့်ခွဲရေးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးရုံးတို့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များက ဝင်ရောက်မီးရှို့ခဲ့သဖြင့် မီးလောင်မှုကြောင့် မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့် ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံး အတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထားရှိသည့် သွပ်မိုး/ အုပ်ညှပ် အဆောက်အဦအခန်း ၁ ခန်းတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News