April 29, 2024

အိန္ဒိယအကျဥ်းထောင်မှ ထွက်ပြေးသူ မြန်မာနိုင်ငံသားသုံးဦးနှင့် ယာယီအချုပ်ထောင်မြင်ကွင်း

MT News

Written by Nay Aung

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Churachandpur ခရိုင်ရှိ ယာယီအချုပ်ထောင်မှ မြန်မာနိုင်ငံသား သုံးဦးထွက်ပြေးသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အိန္ဒိယအာဏာပိုင်များသည် အနည်းဆုံးမြန်မာနိုင်ငံသား ၂၆ ဦးကို အင်ဖာမြို့ရှိ ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

အိန္ဒိယ အကျဉ်းထောင်ဌာနနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက မဏိပူရပြည်နယ်မှ ရဲကွန်မန်ဒိုများသည် အကျဉ်းထောင်သို့ကားဖြင့်ရောက်ရှိလာခဲ့ပြီး New Lamka မြို့ရှိ Sadbhavna Mandap ယာယီအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာဒုက္ခသည်များကို ဘတ်စ်ကားဖြင့်ခေါ်ဆောင်ကာ ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ အကျဉ်းထောင် ဌာနနှင့်နီးစပ်သော သတင်းအရင်းမြစ်များက ပြောသည်။

အဆိုပါသတင်းအရင်းအမြစ်က ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် ပါသောအဖွဲ့တစ်ဖွဲ့သည် ယာယီအချုပ်ထောင်သို့ လာရောက်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများကို ဗဟိုအကျဉ်းထောင်သို့ပြန်လွှဲပြောင်း ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကိုလက်ခံရရှိခဲ့ပြီးနောက် အကျဉ်းထောင်အရာရှိများသည် ယာယီအချုပ်ထောင်ရှိ မြန်မာနိုင်ငံသားအကျဉ်းသား ၂၆ ဦးကိုဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံရပြီး ယာယီအချုပ်ထောင်ထဲတွင်ထိန်းသိမ်းခံရခြင်းဖြစ်ကာ ၎င်းတို့အပေါ် စွဲဆိုထားသောအမှုများကိုရင်ဆိုင်နေရကြောင်းသိရသည်။ Sadbhavna Mandap ယာယီအချုပ်ထောင်တွင် တစ်လသားအရွယ်ကလေးငယ်တစ်ဦး အပါအဝင် မြန်မာနိုင်ငံသားအနည်းဆုံး ၅၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အများစုကအမျိုးသမီးများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို ထိန်းသိမ်းထားသော ယာယီအချုပ်ထောင်သည် ဂိတ်တံတားကို နေ့တိုင်းဖွင့်လှစ်ထားပြီး ၎င်းတို့ ထိန်းသိမ်းထားသောနေရာတွင် ခြံစည်းရိုးအပြည့်ကာရံထားခြင်းမရှိကြောင်း ထို့အတွက်ကြောင့်

ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံသားသုံးဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ref- indianews

Leave a Reply

Your email address will not be published. Required fields are marked *