MT News

Written By Thandar

မိသားစုဒရမ်မာ “အလင်းမဲ့ည အတောက်ပဆုံးနေ့” ဇာတ်လမ်းတွဲကို မနက်ဖြန် ဇန်နဝါရီ ၃၀ မှာ မဟာအပလီကေးရှင်းကနေ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

နန်းဆုဦးကို ဒီဇာတ်လမ်းတွဲလေးမှာ “ညှို့”ဆိုတဲ့ ကောင်မလေးအဖြစ် ဘယ်လို အမိုက်စားကာရိုက်တာနဲ့ သရုပ်ဆောင်မလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီး ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုဒရမ်မာဇာတ်လမ်းတွဲထဲမှာ အခက်အခဲတွေကို ဘယ်လိုကြိုးစားပြီးကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားမလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။

အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း၊ နန်းဆုဦး ၊ လှမျိုးသဉ္ဇာနွယ်၊ မင်းတော်ဝင်နဲ့ ရွှေရင်အေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဘယ်သူ့ရင်ခွင်တွေ ဘယ်လောက်နွေးနွေးပါ အမေ့ရင်ခွင်လောက်တော့ နွေးမယ်မထင်ပါဘူး အမေရယ်လို့ တမ်းတနေတဲ့ မိခင်မဲ့ သားတစ်ယောက်ရဲ့ သိမ်ငယ်မှုတွေကို မိသားစုဓာတ်ပုံမှာ တစ်နေရာစာ လပ်နေတဲ့လူတွေသာ နားလည်ခံစားတတ်ပါလိမ့်မယ်လို့ ဇာတ်လမ်းအကြောင်းလေးကို ဖော်ညွှန်းထားတာလေးလည်း တွေ့ရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကို ဘယ်လိုမျိုးပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ မနက်ဖြန်ကစပြတော့မယ့် “အလင်းမဲ့ည အတောက်ပဆုံးနေ့” ဇာတ်လမ်းတွဲထဲမှာ ကြည့်ရှုနိုင်တော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News