MT News

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ထောင်ပူဇော်မှုကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီတွင် ၉၀ ဒီဂရီပင့်ထောင်ပူဇော်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ဖြစ်ပြီး အဆိုပါရုပ်ပွားတော်မြတ်မှာ စကျင်ဆင်းတုများအနက် ကမ္ဘာ့အကြီးဆုံးဆင်းတုဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် ဗုဒ္ဓရုပ်ပွားတော်မြတ် ရတနာပလ္လင်တော်အလယ်ဗဟိုဌာနများတွင် ဌာပနာတော် လှုဒါန်းလိုသူများကို ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်လှုဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး လှူဒါန်းပူဇော်လိုသည့် ခုနစ်ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် ဒုတိယဗိုလ်မှူးကြီးအောင်ထက်ဟိန်း ၀၉-၂၀၁၄၄၇၀ နှင့် ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို ၀၉-၂၅၉၀၉၉၈၉၉ ဖုန်းနံပါတ်များသို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News