




၁၅.၆.၂၀၂၅
Written By Thandar
လူတိုင်းလှပစေဖို့အတွက် Htet Skincare & Cosmetic ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ပဲခူးမြို့ ရွှေမောဓောဘုရားလမ်းမီးပွိုင့်အနီး ရှင်စောပုလမ်းမတန်းမှာ ကျင်းပခဲ့ရာ အကယ်ဒမီမင်းသားအေးချမ်းမောင်နဲ့ Influencer တွေက တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
“ထက်က အွန်လိုင်းမှာ Cosmetic တွေကို Page လေးနဲ့ရောင်းပေးနေရင်းကနေ Customer တွေရင်ထဲရောက်အောင်လို့ အခုထပ်ပြီး ထက် ပဲခူးမှာပဲ နောက်ထပ်တစ်ဆိုင် ထပ်ဖွင့်ပေးလိုက်တာပါ။ ထက်ဆိုင်မှာ တချို့ပစ္စည်းတွေ ရန်ကုန်မှာတင်မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာ ပစ္စည်းတွေ Stoock ပျက်တဲ့အချိန်မှာ ကြိုပြီးသိမ်းထားတာလေးတွေ ဆိုင်ဖွင့်ပွဲမှာ ထုတ်ရောင်းချဖြစ်တာပါ။ ထက်ကိုယ်တိုင်ကလည်း ပြောင်းလဲသွားလားဆိုတာ သေချာလေ့လာပြီး တင်ဖြစ်တာပါ” လို့ Htet Skincare & Cosmetic ဆိုင်ရှင် ထက်အိက MT Entertainment ကို ပြောပါတယ်။
အဆိုပါအခမ်းအနားကို သရုပ်ဆောင် အကယ်ဒမီ အေးချမ်းမောင်၊ Influencer တွေဖြစ်တဲ့ Makeup Sora၊ ထက်အိ၊ ဖြိုးပပမောင်၊ Penny ၊ Caterpillar Maybe တို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါတယ်။
အေးချမ်းမောင်က ပရိသတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ တွဲရိုက်ပေးခဲ့ပြီး အမှတ်တရစကားတွေပြောဆိုခဲ့ကြပါတယ်။
