



၁၄.၆.၂၀၂၅
Written By Thandar
နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်တဲ့ Pearson Edexcel သင်ရိုးနဲ့ သင်ကြားပေးမယ့် Zabu Aung International School စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ နို့ဈေးမှတ်တိုင်အနီးမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့က လက်ရှိကျောင်း ၂ ကျောင်းရှိပါတယ်။ တာမွေကျိုက္ကဆံမှာ ဖွင့်လှစ်ထားတာက ပုဂ္ဂလိ ကကျောင်းဖွင့်ထားပါတယ်။ ပြည်တွင်း ပညာရေးကို အခြေခံပြီးတော့ပါ။ ခုဖွင့်လှစ်တာက International ကိုအခြေခံပြီး ဖွင့်လှစ်တာပါ။ ဒီနှစ်ကတော့ ပထမဦးဆုံးခြေလှမ်းအနေနဲ့ အသက် ၃ နှစ်အရွယ်ကစပြီး မူလတန်းအထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။ နောက်နှစ်မှာ ထပ်တိုးသင်ကြားပေးမှာလည်းဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ လက်မှတ်ရထားတဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက အတွေ့အကြုံရှိ ဝါရင့်ကျွမ်းကျင်တဲ့ ဆရာ/ဆရာမတွေနဲ့ စနစ်တကျသင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် အခန်းတစ်ခန်းစီကို သတ်မှတ်ထားတဲ့ လူဦးရေအနည်းငယ်ကိုပဲ သင်ကြားပေးမှာဖြစ်ပါတယ်။ ဆရာနဲ့ကျောင်းသားမိဘတွေ ချိတ်ဆက်နိုင်အောင် အခန်းတိုင်းမှာ Assistant ဆရာမတွေ့ရှိပြီး CCTV နဲ့ အိမ်က ကလေးကို ကြည့်ရှုနိုင်တဲ့ စိတ်ချရအောင် စီစဉ်ပေးထားပါ တယ်”လို့ Zabu Aung Education ရဲ့ CEO ဦးထွန်းအောင်ကျော်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ကျောင်းမှာတော့ UK နိုင်ငံသာမက International ပါ အသိအမှတ်ပြုထားတဲ့ Pearson Edexcel မှာ Early Year ကနေ Primary အထိ Pearson Curriculum နဲ့ သင်ကြားသွားမှာဖြစ်ပြီး အတန်းပြီးဆုံးသည်အထိ သင်ကြားသူတွေကို UKက တိုက်ရိုက်ပေးအပ်တဲ့ Certificate ကို ရရှိမှာဖြစ်ပါတယ်။
Zabu Aung International School ကိုအပ်နှံမယ့် ကျောင်းသား/သူတွေရဲ့ မိဘတွေအခက်အခဲမရှိစေဖို့ အထူးအခွင့်အရေးအနေနဲ့ ၂၅ ရာခိုင်နှုန်း လျော့ပေးမှာဖြစ်ပြီး ကျောင်းရဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကာ အရစ်ကျ ပေးသွင်းနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
ဒီကျောင်းမှာ ကျောင်းစာအပြင် ပြင်ပဗဟုသုတရစေဖို School Library ၊ Language skill နဲ့ IT အတွက် Multimedia Room၊ ကိုယ်ကာယကြံ့ခိုင်စေဖို့ PE lesson တွေလုပ်ဖို့အတွက် နေရာတွေထားရှိသလို Futsal အားကစားကွင်းကိုလည်း ထည့်ထားတယ်လို့ သိရပါတယ်။