




၁၄.၆.၂၀၂၅
Written By Thandar
ပြည်တွင်းပြည်ပချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ မင်းသားပိုင်တံခွန်@မောင်စစ်ကိုပိုင်နဲ့ မလင်းမြဖူး@Smile တို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ The ERAVATI Slue Grand Yangon မှာ အနုပညာရှင်များစွာ နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။





အဆိုပါ အခမ်းအနားကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ နေဝင်းတို့ ဇနီးမောင်နှံ၊ ခင်ဝင့်ဝါ၊ စိုးပြည့်သဇင်၊ ဝိုင်းစုခိုင်သိန်း၊ မေသန်းနု၊ မိုးဟေကို၊ နန်းဆုရတီစိုး၊ ခိုင်သင်းကြည်၊ ချမ်းမြေ့မောင်ချို၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ အိမ့်ချစ်၊ စောခူဆဲ၊ အောင်ထက်၊ နီနီခင်ဇော်၊ ဟေမာနေဝင်း စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ ဖြိုးပြည်စုံနဲ့ ဂျူဝယ် စတဲ့ ဂီတမောင်နှမတွေကလည်း မင်္ဂလာတေးသီချင်းတွေ သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ သတို့သားအရန်အနေနဲ့ အောင်ရဲလင်း၊ အေးချမ်းမောင်၊ အလင်းရောင်၊ တေဇလင်းရောင်စတဲ့ အနုပညာရှင်သူတွေက ပါဝင်လုပ်ဆောင်ပေးခဲ့ကြပါတယ်။