MT News

Written by Min Mahar

ပြည်ကြီးတံခွန်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦး နေအိမ်အတွင်း၌ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ မန္တလေးနှင့် ပြင်ဦးလွင်ရထားသံလမ်းတောင်ဘက်ရှိ နေအိမ်အတွင်း၌ရှိနေသော အသက် ၆၆ နှစ်အရွယ်ခန့်ရှိ ရာအိမ်မှူးထံသို့ အမျိုးသား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာပြီး ဧည့်စာရင်းတိုင်မည်ဟုပြောဆိုကာ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးသည် ဝဲနှုတ်ခမ်းအောက်မှ ပါးစပ်အတွင်းသို့ ဖောက်ဝင်သွားသည့် ဒဏ်ရာတစ်ချက်နှင့် ယာဘက်ခါးကိုဖောက်ဝင်သွားသည့် ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ဆေးရုံကြီးအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရပြီး အဆိုပါဖြစ်စဥ်တွင် လုပ်ကြံသတ်ဖြတ်သူများအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News