သလဲဘာရွာကို PDF များ ပစ်ခတ်တိုက်ခိုက်နေပုံ

MT News

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအား ပျုရွာဟုဆိုတာ PDF များက မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF များက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF များက ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအား ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုနှင့် မီးရှို့မှုကြောင့် သလဲဘာရွာ နေအိမ် ၈၀ ခန့် မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရသည့်အပြင် ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိ ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇန်နဝါရီ ၂၇ ရက် နေ့လည် ၂ နာရီခွဲမှ စတင်ပြီး BFRA – Wet Let၊ သိန်းငှက် ပျောက်ကြားအဖွဲ့၊ အရာတော်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါအဝင် အရာတော်၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ် အခြေပြု ဒေသကာကွယ်ရေး တပ်ဖွဲ့များက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည၁၀ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း PDF များက သတင်းမီဒီယာအချို့သို့ ​ဖြေဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News