MT News

Written By Thandar

Canal+ ရဲ့ ၅ နှစ်ပြည့် အထူးဈေးရောင်းပွဲတော် နဲ့ “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကန်သာယာရှော့ပင်းမောမှာ ကျင်းပခဲ့ပါတယ်။

“မောင်မောင်တို့ရဲ့ မောင်မောင်”ကတော့ Canal+ကနေ ကျွန်တော့်ကို ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တဲ့ကားလေးပါ။ကျွန်‌တော့်ရဲ့ ဇာတ်လမ်းတွဲတွေက သိပ်ရိုက်ဖြစ်တာတော့ မရှိဘူး။ ဒုတိယမြောက်ဇာတ်လမ်းတွဲလို့လည်းပြောလို့ရတယ်။ ဒီကားမှာက ပါဝင်တဲ့ယောက်ျားလေးတွေ တော်တော်များတယ်။ စနိုးဝှိုက် လူပုလေးဇာတ်ပုံစံကို ပြောင်းပြန်ယူလိုက်တာပါ။ အချောကြီးတွေက ၇ ယောက်မှာ ကောင်မလေး ဘဲရုပ်ဆိုးလေး “သူဇာမောင်မောင်”က ညီမလေးပေါ့။ မိဘတွေမရှိတော့ဘဲ မောင်နှမ ၈ ယောက် ကာရိုက်တာလေးပါ။ ဟာသရယ် ၊ မိသားစုမောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ထားတယ်။ ဒီကားကြည့်ပြီး ကိုယ့်မိသားစု သူငယ်ချင်းတွေဖြတ်သန်းရတာကို ပြန်အမှတ်ရစေမှာပါ။ ကြည့်ရတာလည်း Entertain တစ်ခုဖြစ်မယ့်ကားလေးပါ”လို့ ဒါရိုက်တာအောင်မြတ်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ Canal+ ရဲ့ ၅ နှစ်ပြည့်အထူးဈေးရောင်းပွဲတော်အနေနဲ့ Canal+ စက်တွေကိုလည်း ကျပ် ၂၉၀၀၀ ကနေ ကျပ် ၁၅၀၀၀ နဲ့ ဈေး​လျှော့ရောင်းပေးခဲ့ပြီး မေးခွန်း အမေး‌ အဖြေ‌တွေမှာ ကံစမ်းမဲတွေပေးခဲ့ပါတယ်။ “မောင်မောင်တို့ရဲ့ မောင်မောင်”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သူတွေကလည်း လက်မှတ်ရေးထိုးပြီး ဂိမ်းတွေဆော့ကစားခဲ့ကြပါတယ်။

၂၆ မိနစ်စာ အပိုင်း ၆၂ ပိုင်း ပါဝင်တဲ့ ဟာသ၊ အချစ်၊ ဒရာမာ “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲကို‌တော့ ဇန်နဝါရီ ၁၆ ရက်ကနေစပြီး အပတ်စဥ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီခွဲမှာ Canal+ Zat Lenn မှာ ထုတ်လွှင့် ပြသနေလျှက်ရှိပါတယ်။

Dreamwalkerz Productions က “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပြီး သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ထွန်းထွန်း ၊ ချာလီ ၊ အောင်ဇေယျမင်းထင် ၊ ဟန်လင်း ၊ မင်းခန့် ၊ စူးရှထူးကြည် ၊ ရဲနောင်ချို ၊ မေထိုက်မွန်(ခ)Mandy ၊ ခိုင်စု စတဲ့ တတ်သစ်စအနုပညာရှင်တချို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ဒီကားလေးက ထူးခြားမှုလေးတွေ ရယ်စရာလေးတွေလည်းပါမယ်။ ထုံးစံအတိုင်း Ro မယ်။ Drama နည်းနည်းပါမယ်ဆိုတော့ ကြည့်ရတာ တန်မယ့် ခပ်မိုက်မိုက် စီးရီးလေး ဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

ဒါရိုက်တာ အောင်မြတ်ဟာ ၂၀၁၇ ခုနှစ်မှာ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲပြီးကတည်းက ကြော်​ငြာ၊ ရုပ်ရှင်တွေရိုက်ကူးမှုတချို့ ပြုလုပ်ခဲ့ပေမယ့် ဒါကတော့ ဒုတိယအကြိမ်ပြန်လည် ရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News