MT News

Translated. by Htwe Ko Tun

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ဟိုက်ဒရောလစ်စက် လည်ပတ်အားသုံး အများသုံးကျင်ငယ်စွန့်အိမ်သာရုံတစ်ခုပိတ်မိ၍ သန့်ရှင်းရေးအလုပ်သမားတစ်ဦး အိမ်သာရုံ၏အောက်ဘက်၊ လမ်းမျက်နှာပြင်အောက်တွင် ပိတ်မိနေကာ သေဆုံးခဲ့ရမှုတစ်ခု ဇန်နဝါရီ ၂၇ ရက်ကဖြစ်ပွားခဲ့သည်။

အဆိုပါ အများသုံးကျင်ငယ်စွန့်အိမ်သာရုံက လန်ဒန်မြို့၏ Circus လမ်းဆုံ၊ Palace ပြဇာတ်ရုံ၏ အပြင်ဘက်တွင် တည်ရှိသည်။ ညပိုင်းတွင် အများပြည်သူအသုံးပြုရန် ဟိုက်ဒရောလစ်လည်ပတ်အားဖြင့် လမ်းမျက်နှာပြင်ပေါ်သို့ ပြန်လည်တက်လာမည့် အိမ်သာရုံအားပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေစဥ် ထိုကဲ့သို့ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

အလုပ်သမားအား ကယ်တင်နိုင်ရန် အများသုံးအိမ်သာရုံကို ဝန်ချီစက်တစ်ခုဖြင့် မြေပေါ်သို့ပြန်လည်ဆွဲထုတ်ခဲ့ရသည်။ သို့သော် အလုပ်သမားမှာအိမ်သာရုံပိမိ၍ ရရှိဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အလုပ်သမားမှာ အိမ်သာရုံ၏အောက်ဘက်တွင်နှစ်နာရီကျော်ကြာပိတ်မိနေခဲ့ခြင်းဖြစ်ဟန်တူကြောင်းလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

လန်ဒန်မြို့တွင် အဆိုပါအများသုံးကျင်ငယ်စွန့်အိမ်သာရုံများက နေ့အချိန်တွင် မြေအောက်၌သာတည်ရှိကြပြီး ညဘက်တွင် အများပြည်သူအသုံးပြုရန် လမ်းမျက်နှာပြင်ပေါ်သို့ ၎င်းတို့၏လမ်းကြောင်းအတိုင်း ဟိုက်ဒရောလစ်လည်ပတ်အားဖြင့် တက်လာကြသည်။ ၎င်းတို့အနက်အများစုက လန်ဒန်မြို့၏ ဖျော်ဖြေရေးခရိုင်အတွင်းရှိကြကြောင်း သိရသည်။

Ref-People

Leave a Reply

Your email address will not be published. Required fields are marked *