
၁၀.၆.၂၀၂၅
Translated by Htwe Ko Tun
အီရန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်အေဂျင်စီ (AEOI)အကြီးအကဲ မိုဟာမက် အက်စ်လာမီက ရုရှားနိုင်ငံ အနေနဲ့ နှစ်နိုင်ငံအကြား မကြာမီက ရေးထိုးခဲ့တဲ့သဘောတူညီချက်စာချုပ်အရ အီရန်နိုင်ငံအတွင်း နျူကလီးယားစွမ်းအက်စက်ရုံ ရှစ်ရုံတည်ဆောက်ပေးသွားမယ်လို့ ပြောခဲ့တယ်လို့ IRNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
AEOI ဥက္ကဋ္ဌဖြစ်တဲ့ အက်စ်လာမီက တီဟီရန်မြို့ရှိ AEOI ဌာနချုပ်ကို အီရန်ပါလီမန်မှ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကော်မတီအဖွဲ့ဝင်တွေက ဇွန်လ ၉ ရက်က လာရောက်လည်ပတ်ကြခိုက်မှာ သူက အခုလိုပြောခဲ့တာလို့သိရပါတယ်။
အက်စ်လာက အခုလို တည်ဆောက်မယ့် နျူကလီးယားဓာတ်ပေါင်းဖို ရှစ်ခုအနက် လေးခုက အီရန်တောင်ပိုင်း Bushehr ပြည်နယ်အတွင်းမှာဖြစ်မယ်လို့လည်း ဆိုခဲ့ပါတယ်။ သူက Bushehr နျူကလီးယားစွမ်းအင် ဓာတ်အားပေးစက်ရုံမှာ တည်ဆောက်နေတဲ့ စက်ရုံအမှတ် ၂ နဲ့ ၃ တို့နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့ပါတယ်။
လွှတ်တော်အမတ်တွေရဲ့ ခရီးစဉ်အပြီးမှာတော့ အက်စ်လာမီက AEOI အနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်းကို နိုင်ငံရဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအစိတ်အပိုင်းတစ်ရပ်အနေနဲ့ သုံးဆတိုးထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
Bushehr နျူကလီးယားစွမ်းအင် ဓာတ်အားပေးစက်ရုံက အီရန်နိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော လည်ပတ်နေတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်ပြီး ၂၀၁၁ ခုနှစ် မေလမှာတည်ဆောက်ပြီးစီးခဲ့တာပါ။ ဒီစက်ရုံက နိုင်ငံရဲ့ မြို့ပြနျူကလီးယားစွမ်းအင်အစီအစဉ်အတွက် အဓိကကျပြီး ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
Ref- Xinhua