၂၈. ၁. ၂၀၂၃
Written by Pan Ei

ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက်တုန်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးခဲ့သူမှာ တောင်ကိုရီးယား အဆိုတော်နဲ့ တေးရေးဆရာ Sam Kim ရဲ့ ဖခင် ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၈ နှစ်အရွယ် Kim Han Soo ဟာ စားသောက်ဆိုင် ဓားပြတိုက်မှုအတွင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး Kim Han Soo ကို ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ယခုအခါ ဝါရှင်တန်၊ ဆီယက်တဲလ်အခြေစိုက် ကိုရီးယားမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ Kim Han Soo ဟာ Sam Kim ရဲ့ ဖခင်ဖြစ်ကြောင်း သိရပြီး Sam Kim ရဲ့အေဂျင်စီ Antenna က Sam Kim ရဲ့ဖခင် ဆုံးပါးသွားတဲ့သတင်းဟာ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ကေပေါပ့်စတား Season 3 ပြိုင်ပွဲရဲ့ ဒုတိယဆုရှင် Sam Kim ဟာ ဖခင်ရဲ့ဈာပနမှာ သူရဲ့အမေအတွက် ရေးစပ်ထားတဲ့ “Mama Don’t Worry” သီချင်းအား ဖခင်ကို ဂုဏ်ပြုသောအားဖြင့် သီချင်းစာသားကို ပြောင်းလဲသီဆိုခဲ့ပြီး သူ့ရဲ့ ဝမ်းနည်းမှုကို သူ့မိသားစုနဲ့အတူ မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

Ref; Yahoo

Leave a Reply

Your email address will not be published. Required fields are marked *