
၉.၆.၂၀၂၅
Written By Thandar
သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ ခင်ပွန်း ကိုနေကျော်သက် အသက် ၄၇ နှစ်ဟာ ယနေ့ ဇွန်လ ၉ ရက် မနက် ၁၁ နာရီက ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
“မပိုးအိက ကျွန်တော်တို့ မေတ္တာအသင်္ချေအသင်းနဲ့ ပရဟိတတွေ အတူလုပ်ခဲ့ကြတာပါ။ သူငယ်ချင်းအမျိုးသား သိပ်မကြာသေးခင်မှ နေမကောင်းလို့ ဆေးရုံတင်လိုက်ရတာပါ။ စိတ်ထဲလည်း မကောင်းပါဘူး”လို့ အဆိုတော် ပေါက်စီက
ပြောပါတယ်။
အဆိုပါ နာရေး အစီအစဉ်ကိုတော့ မေမြို့ သို့မဟုတ် ရန်ကုန်မြို့ တစ်ခုခုကို ဘယ်ရက်မှာ ပြုလုပ်သွားမယ်ဆိုတာ မိသားစုက အသေးစိတ် အသိပေးသွားမယ်လို့ ဆိုပါတယ်။
“ငါ့မှာ နင်ပဲရှိတာလေဟာ။ ရုတ်တရက်ကြီး ထွက်သွားပြီပေါ့လေ” လို့ သရုပ်ဆောင် ပွင့်နဒီမောင်က ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
“ပိုးအိက Wedding အလုပ်ကို ဟိုအရင်က စလုပ်ဖူးပါတယ်။ ခုနောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်ချိန်မှာလည်း အမျိုးသားက တစ်ကောက်ကောက်လိုက်ပြီး ပံ့ပိုးပေးခဲ့တာလေ။ ကိုနေကျော်က အသက်က ငယ်ငယ်လူလတ်ဖြစ်ပေမယ့် ခုလိုဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်ရပါတယ်” လို့ ကိုသာဂိက ပြောပါတယ်။
#ပိုးအိ #ပွင့်နဒီမောင် #PwintNadiMaung
#CeleRIP



