၂၈. ၁. ၂၀၂၃
Written By Thandar

မော်ဒယ်လ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် ရှင်ယွန်းက ဟိုမရောက်၊ ဒီမရောက်ဖက်ရှင်ဆို မဝတ်ချင်ဘူး။ ဖော်မယ်ဆိုလည်း လုံးဝဖော်တဲ့ ဖက်ရှင်ပုံစံမျိုးကို ဝတ်ချင်တာပါလို့ ပြောပါတယ်။

“ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် ရှင်ယွန်းက ဟိုမရောက်၊ ဒီမရောက်ဖက်ရှင်ဆို မဝတ်ချင်ဘူး။ ဖော်မယ်ဆိုလည်း လုံး၀ဖော်တဲ့ ဖက်ရှင်ပုံစံမျိုးကို ၀တ်ချင်တာပါ။ ဒါပေမယ့် ဒူးနေရာ ဒူး၊ တော်နေရာ တော်။ သူနေရာနဲ့သူ ၀တ်စား ဆင်ယင်တတ်ရင် ဒါက ကောင်းတာပဲ‌။ ကိုယ်က သူများအပေါ် မကောင်းတဲ့ စိတ်နဲ့ အဆိပ်အတောက် မဟုတ်ဘူးဆိုရင် ဖက်ရှင်ကို ဖက်ရှင်အတိုင်းပဲ မြင်ပြီး အဲဒီပုံစံ တစ်စိုက်မတ်မတ်ပဲ သွား။ လူတွေရဲ့ အပြောကို သိပ်ဂရုမစိုက်တတ်ဘူး။ သူတို့တွေရဲ့ အပြောကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုပဲ သစ္စာရှိရှိ လုပ်တယ်။ ဖက်ရှင်ပိုင်းကအစပေါ့”လို့ ရှင်ယွန်းမြတ်က ပြောပါတယ်။

သူ့မကတော့ ပုရိသတွေ စွဲမက်စရာကောင်းလှတဲ့ ခန္ဓာကိုယ်အလှအပကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ်သွားမယ့် နေရာက လူတွေရဲ့ အပေါ်မှာ Respect ထားပြီး သေချာဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ်က အနုပညာရှင်အနေနဲ့ ဒီမှာ ရပ်တည်နေတာ ဖြစ်တယ်။ လူတွေကို အဆိပ်အတောက်ဖြစ်ပြီး သူများအပေါ် မကောင်းကြံတာ မဟုတ်ဘူးလေ။ ဖက်ရှင်က ဖက်ရှင်၊ အလုပ်က အလုပ်ပဲ။ အပြင်မှာနေတာက အပြင်မှာနေတဲ့ ပုံစံ။ သီးသန့် ခွဲမြင်ပေးမယ်ဆိုရင် ဒီလိုမျိုး ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်ပိုင်းလည်း အဲ့ဒီလိုပဲ သွားမှာပါ။ ကိုယ်လုပ်စရာရှိတာကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တစ်စိုက်မတ်မတ်လုပ်သွားရင် နေရာဆိုတာ သူ့ဘာသာသူ ရလာမယ်။ အဲဒီပုံစံအတိုင်းပဲ သွားတယ်။ သိပ်ပြီး ပြောဆို ဝေဖန်တာတွေကို ခေါင်းထဲ သိပ်မထည့်ဘူး။ အရင်ကတော့ Brand မှ Brand ပေါ့။ ပွဲတစ်ပွဲတက်ရင် ရတဲ့ ပိုက်ဆံနဲ့ ကိုယ်ဝတ်တာနဲ့က မကာမိဘူး။ Brand ကို အရမ်းရူးပြီး စုတဲ့ အထဲပါတယ်။ ပိုက်ဆံအိတ်တစ်လုံးကို သိန်း ၆၀၊ သိန်း ၁၀၀ ပေးပြီး ကိုင်မယ့်အစား တကယ်လိုအပ်ရင်တော့ ဝယ်လိုက်မယ်။ Brand မကြိုက်တာ မဟုတ်ဘူး အရမ်းကြိုက်တယ်။ နောက်ပိုင်း ကိုယ့် ပိုက်ဆံကိုယ် အရမ်းနှ‌မြောတတ်လာတာပါ “ လို့  သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *