၃.၆.၂၀၂၅
Written By Thandar
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက တစ်ချိန်က အောင်မြင်မှုများစွာရရှိထားတဲ့ ဝတ္ထုကို ပြန်လည်ပုံဖော်ဖန်တီးမယ့် “မဂျိုးကို ဘယ်လိုပြောရပါ့” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှု အခမ်းအနားကို ယနေ့ ဇွန်လ ၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာဝိဇယဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ပထမဦးဆုံးဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲအမည်ကလည်း မဂျိုးကို ဘယ်လိုပြောရပါ့ဆိုတဲ့အတိုင်း စာရေးဆရာမခင်လှိုင်ကြူရဲ့ နာမည်လေးအတိုင်းပါပဲ။ ဒီဝတ္ထုလေးကို ကျွန်တော် လူပျိုဘဝထဲက အရမ်းကြိုက်တယ်။ ကျွန်တော် ဒါရိုက်တာဖြစ်ရင် ရိုက်မယ် စိတ်ကူးခဲ့ဖူးတယ်။ ရှေ့မှာလည်း ရုပ်ရှင်တွေ ရိုက်ထားဖူးတာမို့ ရုပ်ရှင်တစ်ကားအနေနဲ့ ဖန်တီးမယ်ဆိုရင် ကျွန်တော့်အတွက် စိန်ခေါ်မှုမရှိတာမို့ ဇာတ်လမ်းတွဲ အနေနဲ့ ရိုက်ကူးဖို့လုပ်ခဲ့တာပါ”လို့ ဒါရိုက်တာ ဝင်းထွန်းထွန်း(အနုပညာပြချက်)က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း ခင်လှိုင်ကြူ၊ ဇာတ်ညွှန်း ရွှေပြည့်၊ ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်) က သရုပ်ဆောင်တွေဖြစ်တဲ့ ညီထွဋ်ခေါင်၊ ထူးအောင်၊ မှူးထိပ်ထား၊ သဇင်နွယ်ဝင်း အပါအဝင် တခြားသရုပ်ဆောင်များစွာနဲ့ ရိုက်ကူးမှာလည်းဖြစ်ပါတယ်။
မဂျိုးကို ဘယ်လိုပြောရပါ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွဲကို အပိုင်း ၁၆ ပိုင်းစာနဲ့ ဇွန်လပိုင်းအတွင်းမှာ ရန်ကုန်မြို့နဲ့ တခြားမြို့နယ်တွေ စတင်ရိုက်ကူး ပုံဖော်သွားမှာလည်းဖြစ်ပါတယ်။
#HtooAung #DirectorWinTunTun #NyiHtutKhaung #HmueHtateHtar #ThazinNweWin #မဂျိုးကိုဘယ်လိုပြောရပါ့ #ဝတ္ထု









