၂၉.၅.၂၀၂၅
Written By Thandar
Miss Grand International (MGI) အဖွဲ့အစည်းက ၂၀၂၄ ခုနှစ်အတွက် Miss Grand India အလှမယ် Queen Rachel Gupta ရဲ့ Crown ကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။
သူမက အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိတဲ့အတွက် ယခုလိုဆုံးဖြတ်ရတာလို့ MGI က ဆိုပါတယ်။
“ကျွန်မရဲ့ အိမ်မက်က နိုင်ငံတကာကအသိအမှတ်ပြုတဲ့ အလှမယ်တစ်ယောက်ဖြစ်ဖို့ပါ။ ကျွန်မ MGI Crown ရပြီးတဲ့ အချိန်ကစပြီး နေ့တိုင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးမျိုးတွေ ကြုံတွေ့ခဲ့ရတယ်။ ကျွန်မ မလုပ်ချင်တဲ့အကြောင်းအရာတွေ စေခိုင်းခြင်းခံရတယ်”လို့ အလှမယ် Queen Rachel ရဲ့ Facebook ကနေ ပြန်လည်ဖြေရှင်းလာပါတယ်။
MGI အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ Rachel Gupta က တာဝန်ဝတ္တရားတွေကို ထမ်းဆောင်တဲ့နေရာမှာ ပျက်ကွက်ခြင်း၊ ဒီအဖွဲ့အစည်းရဲ့ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပြင်ပ ပရောဂျက်တွေကိုလည်း ပါဝင်ဆောင်ရွက်ခြင်းနဲ့ ဂွာတီမာလာကို သွား ရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ငြင်းဆန်ခြင်းတို့ကြောင့်မို့ သရဖူကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ အသိပေးလာတာဖြစ်ပါတယ်။
“မကြာခင်ကာလမှာ ကျွန်မ ခံစားခဲ့ရတာတွေကို ဗီဒီယိုဖိုင်နဲ့တကွ ချပြပါမယ်။ ချစ်တဲ့ ကမ္ဘာမြေကို စိတ်ပျက်စေခဲ့ရင် တောင်းပန်ပါတယ်”လို့ အလှမယ် Queen Rachel ရဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။
Miss Grand International 2024 ပြိုင်ပွဲကြီးရဲ့ Grand Final ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MGI Hall မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ Winner ပထမဆုကို အိန္ဒိယ အလှမယ်၊ ဒုတိယဆုကို ဖိလစ်ပိုင်အလှမယ်၊ တတိယဆုကို မြန်မာအလှမယ် သဲစုငြိမ်းတို့ ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ တရားဝင်ကြေငြာချက်အရ Miss Grand International Organization ဘက်က Miss Grand International 2024 အနေနဲ့ Miss Grand International 2024 ဘွဲ့ကို ချက်ချင်းရပ်စဲပြီး ဆက်စပ်တဲ့ ဘွဲတံဆိပ် @Crown ကို ၀တ်ဆင်ခွင့်မရှိတော့ဘဲ MGI ရုံးချုပ်ကို ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
#Rachel #အိန္ဒိယအလှမယ် #အလှမယ်QueenRachelGupta #Crown #MissGrandInternational2024 #MGI #MissGrandInternational






