၂၉.၅.၂၀၂၅
Written By Thandar
ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ Miss Teen Icon International 2025 ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် စီလာဝင်းက Miss Photogenic Award ဆုကိုရရှိခဲ့ပြီး အမြင့်ဆုံး Placement ဆုကို မယူလာနိုင်ခဲ့လို စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
“စီလာ ကမ္ဘောဒီးယားက CEO နဲ့ချိတ်ဆက်ပြီးတော့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ Evening Grown တွေ၊ National Costume အက သေချာပြင်ဆင်ခဲ့တာပါ။ Miss Teen Icon Myanmar 2025 ပြိုင်ပွဲမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဖြစ်ချင်တာကတော့ Winner ရချင်တာပေါ့နော်။ Top 8 အထိမဝင်ခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒီပြိုင်ပွဲမှာ တော့ Miss Photogenic Title ဆုပဲ ရခဲ့ပါတယ်။ စီလာ့အနေနဲ့ International ပွဲကိုတော့ ပထမဆုံးယှဉ်ပြိုင်ဖူးတာပါ။ အမြင့်ဆုံး Placement ဆုကို မယူလာနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေရှိလို့ ဆုမရရှိခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး”လို့ အလှမယ် စီလာဝင်းက ပြောပါတယ်။
သူမကတော့ အဆိုပါ ပြိုင်ပွဲမှာ ကမ္ဘာဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ လာအို၊ နီပေါ၊ တောင်အာဖရိက၊ အင်ဒိုနီးရှား စတဲ့နိုင်ငံပေါင်းများစွာနဲ့အတူ နိုင်ငံ့ကိုယ်စားပြုအလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အလှမယ် စီလာဝင်းကတော့ ၂၀၂၄ ခုနှစ် အကယ်ဒမီ ရွှေကြို ဗန်းကိုင်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်ပိုင်းတွေ လုပ်ကိုင်နေလျက်ရှိသူလည်း ဖြစ်ပါတယ်။
#SiLarWin #စီလာဝင်း #ShweKyo
#MyanmarMiss #MissTeenIcon #MissMyanmar #MissTeenIconMyanmar







