၂၉.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုန်ဘူရီခရိုင်အတွင်း ချာရွန်နာခွန်လမ်းပေါ်မှာရှိတဲ့ Anantara Riverside Bangkok Resort မြစ်ကမ်းပါးဟိုတယ်ရဲ့ ဆိပ်ခံတံတားမှာ ဆိုက်ကပ်ထားတဲ့စက်လှေနှစ်စီးမီးလောင်မှု မေလ ၂၉ ရက်နံနက်ပိုင်းက ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုက နံနက် ၅ နာရီ မိနစ် ၅၀ မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရှေးဦးသတင်းတွေအရတော့ စက်လှေနှစ်စီးစလုံး မီးလောင်ကျွမ်းခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတော့မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် စက်လှေတစ်စီးကတော့ မီးလောင်ကျွမ်းမှုအတွင်း နစ်မြုပ်သွားခဲ့ပါတယ်။
စက်လှေနှစ်စီးစလုံးက ဟိုတယ်ကပိုင်ဆိုင်တာဖြစ်ပြီး ကျောက်ဖယားမြစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေကို လိုက်လံပို့ဆောင်ဖို့လို့ သိရပါတယ်။
အာဏာပိုင်တွေက မီးကို ၁၅ မိနစ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပျံ့နှံ့လောင်ကျွမ်းမှုမဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ ပြောကြပါတယ်။
မီးလောင်ကျွမ်းမှုအကြောင်းရင်းကိုတော့သေချာစွာမသိရသေးပါဘူး။
Ref- BangkokPost



