၂၈.၅.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်း၊ ရှန်ဒုံပြည်နယ်၊ ဂေါမီမြို့တွင် ဓာတုစက်ရုံတစ်ခု၌ ပေါက်ကွဲ မီးလောင်မှုတစ်ရပ် မေလ ၂၇ ရက်ကဖြစ်ပွားခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်အထိ လူငါးဦးသေဆုံးပြီး အခြားခြောက်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုက မေလ ၂၇ ရက် မွန်းတည့်ချိန်ရောက်ကာနီး မိနစ်အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ လူ ၁၉ ဦးမှာလည်း အသေးအမွှားဒဏ်ရာများရခဲ့ကြကြောင်း သိရသည်။
ပြည်နယ်နှင့် ဒေသခံအာဏာပိုင်များက ပူးတွဲကယ်ဆယ်ရေးစခန်းတစ်ခုတည်ထောင်ကာ ပျောက်ဆုံးနေသူများအား ရှာဖွေရေး၊ ဒဏ်ရာရသူ များအားကုသမှုပေးရေး၊ မိသားစုဝင်များအား အားပေးနှစ်သိမ့်ရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေ ကြီးကြပ်ဆောင်ရွက်ရေးတို့ကို အလေးထားလုပ်ဆောင်နေကြကြောင်း၊ ရှာဖွေရေးနှင့် ရှင်းလင်းမှုပြုရေးလုပ်ငန်းများမှာ ဆောင်ရွက်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကိုမူ လတ်တလော ရှင်းလင်းစွာမသိရသေးကြောင်း သိရသည်။
Ref- Xinhua
