၂၈.၅.၂၀၂၅
Written By Thandar
ရွက်ပုန်းသီးအလှမယ်တွေကို မွေးထုတ်ပေးတဲ့ Miss Earth Pyay & Taungoo 2025 ပြိုင်ပွဲဝင် အလှမယ် ၈ ဦးရဲ့ စာနယ်ဇင်း မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်နောက်ပိုင်း မလုပ်ဖြစ်ခဲ့ဘူး။ ခုပြန်ပြီး Miss ပြိုင်ပွဲတွေ လုပ်ဖြစ်တာပါ။ City ပွဲကို ရန်ကုန်မှာ ပြန်မိတ်ဆက်တာပါ။ ကိုယ့် Miss တွေကို နေရာတစ်နေရာကို ရောက်စေချင်တာမို့ ဒီပြိုင်ပွဲကို လုပ်ဖြစ်တာပါ။ ယုံကြည်မှုတွေ ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရည်အသွေးတွေ မတူကြဘူး။ ဒီပြိုင်ပွဲကတစ်ဆင့် Miss Earth Myanmar ကို ပြန် Join ရမှာပါ။ ပြည်နဲ့ တောင်ငူကိုယ်စားပြု အလှမယ်တွေကို ရွေးချယ်ပေးမှာပါ။ Crown အရောင်းအဝယ် ကိစ္စတွေ ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ အလှမယ်တွေဆီက Crown ကြေးဆိုပြီး ဘာကိုမှလည်း မတောင်းထားသလို လျှောက်လွှာကြေးလည်း မယူထားပါဘူး။ Evening Gown ကအစ Sponsor ပေးထားပါတယ်”လို့ Miss Earth Myanmar City Director ကိုဒီဟန်က ပြောပါတယ်။
အဆိုပါပွဲမှာ ပြိုင်ပွဲဝင်အလှမယ်တွေဖြစ်တဲ့ ယွန်းဝါထွေး၊ ခိုင်ခိုင်လင်း၊ သဲစုမွန်အောင်၊ Rebecca၊ စုန်စုန်၊ ခိုင်သဇင်စန်း၊ သက်မှူးအိမ်နဲ့ ယဉ်မင်းသက်တို့ မိတ်ဆက်ခဲ့ပါတယ်။ ဒီအလှမယ် ၈ ဦးကနေ Miss Earth Pyay 2025၊ Miss Earth Taungoo 2025 ကိုယ်စားပြု အလှမယ်တွေကို လာမယ့် ဇွန်လ ဒုတိယအပတ်မှာ Grand Final ပွဲကျင်းပပြီး ရွေးချယ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ရွေးချယ်ခံရသူ အလှမယ်နှစ်ဦးကတော့ Miss Earth Myanmar 2025 ပြိုင်ပွဲကြီးကို ဆက်လက်ယှဉ်ပြိုင်ကြရမှာလည်း ဖြစ်ပါတယ်။
#MissEarthPyay #MissEarthTaungoo #CityFinal #MissEarthMyanmar2025 #MissEarth #DHan #ZunSuSuNaing





