၂၆. ၅. ၂၀၂၅
Translated by Thettant
ရည်းစားဟောင်းကို ပြန်လက်တွဲဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့တဲ့ ထိုင်းအမျိုးသားတစ်ယောက်ဟာ ရည်းစားဟောင်းအမျိုးသမီးနေအိမ်အထိ ဗုံးပစ်ဖောက် သွားခွဲခဲ့ပေမဲ့ သူကပဲ သေဆုံးခဲ့ရပြီး ရည်းစားဟောင်း အမျိုးသမီး လွတ်မြောက်ခဲ့မှု ထိုင်းနိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်မှာ မနေ့က တနင်္ဂနွေနေ့ မနက်ပိုင်းအချိန် ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်၊ သချနာခရိုင်မှာ အသက် ၃၅ နှစ်အရွယ် ဆူရာပွန်ဆိုတဲ့ ထိုင်းအမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူဟောင်းအမျိုးသမီး မစ္စကန်အွန်ပတ်ကို ပြန်လည်လက်တွဲဖို့ စည်းရုံးပြောဆိုခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့အတွက် M26 လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့ရာမှာ သူ့လက်ပစ်ဗုံးသူ့လက်တွင်း ပြန်ပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ သူပထမဆုံးအကြိမ်ပစ်ခတ်တဲ့ လက်ပစ်ဗုံးက ချက်ချင်းမပေါက်ကွဲခဲ့တဲ့အတွက် သူက ကောက်ယူပြီး ထပ်မံပစ်ပေါက်ဖို့ ကြိုးစားခဲ့ရာ ပစ်မပေါက်ခင်မှာဘဲ လက်ထဲပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အိမ်ထဲမှာရှိတဲ့ သူ့ရည်းစားဟောင်း အမျိုးသမီးရဲ့ သက်ကြီးမိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပေမဲ့ ရည်းစားဟောင်း အမျိုးသမီးဖြစ်သူ မစ္စကန်အွန်ပတ်ကတော့ ပေါက်ကွဲမှုမဖြစ်ခင် အိမ်ထဲကို ဝင်ပြေးနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒေသအာဏာပိုင်တွေဟာ လက်နက်ခဲယမ်းဖျက်သိမ်းရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ EOD (Explosive Ordnance Disposal) ယူနစ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ရာမှာ တာဝန်ရှိသူတွေဟာ သေဆုံးသူ ဆူရာပွန်ရဲ့ ပျက်စီးနေတဲ့ ကားထဲက ပုလင်းတစ်ခုထဲမှာ မူးယစ်ဆေး ICE (Crystal Methamphetamine) ၅၀၀ ဂရမ်ကို တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ ၂၀၂၀ ပြည့်နှစ်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြစ်မှုကြောင့် ထောင်ဒဏ် ၅ လ ကျခံခဲ့ရဖူးသူလို့လည်း သိရပါတယ်။
Ref, Khaosod



