
၂၅. ၅. ၂၀၂၅
Written by Nay Moe
လက်နက်ကိုင်အကြမ်းဖက် KNDF အဖွဲ့က ပအိုဝ်းနယ်အတွင်း ပအိုဝ်း သံဃာ ၆ ပါးနှင့် ပအိုဝ်းပြည်သူ ၇၃ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ပအိုဝ်းပြည်သူများက ကြေညာချက်ထုတ်သည်။
လက်နက်ကိုင် KNDF အဖွဲ့ကို၂ဝ၂၁ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး စစ်ဦးစီးချုပ် ခူရီဒူး၊ ဒုစစ်ဦးစီး မာဝီတို့သည် ပအိုင်းနယ်မြေအတွင်း စစ်ဆင်ရေးမလုပ်ခင် ပအိုဝ်းပြည်သူ့စစ်က၊ ဗမာတပ်မတော်နှင့် ပူးပေါင်းသည်ဟုဆိုပြီး ပအိုဝ်းနယ်မြေတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက် တိုက်ပွဲဖော်ဆောင်ခဲ့သည်။
အကြမ်းဖက်လက်နက်ကိုင် KNDF သည် ပအိုဝ်းနယ်မြေအတွင်း လက်နက်အားကိုးပြီး အပြစ်မဲ့ပအိုင်းပြည်သူအပေါ် အကြမ်းဖက် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ပြီး၊ ဗိုလ်ကျ အနိုင်ကျင့်မှု သတ်ဖြတ်မှုတွင် စစ်ရာဇာဝတ်မြောက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေသဖြင့် ယနေ့ ထိ ပအိုင်းပြည်သူတစ်ရပ်လုံးမှာ စစ်ဘေးစစ်ဒဏ်ကြီး အလူးလဲ ခံစားနေရသည်ဟုလည်း ပအိုဝ်းပြည်သူတရပ်လုံး၏ သဘောထား ထုတ်ပြန်ချက်က ဖော်ပြသည်။
ပအိုင်းရဟန်းသံဃာအဖွဲ့ ၊ ပအိုဝ်းလူ့ အခွင့်အရေးအဖွဲ့နှင့် ပအိုဝ်းအရပ်သားအဖွဲ့ အစည်းများက ကောက်ခံပြုစုထားသည့် မှတ်တမ်းစာရင်းများအရ KNDF အဖွဲ့က ပအိုင်းပြည်သူပိုင် ဘာသာရေးဘုန်းတော်ကြီးကျောင်းများနှင့် ပအိုဝ်းပြည်သူ့ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ ခြင်း၊ လက်နက်ကြီး လက်နက်ငယ်နှင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်များကို တပ်ဆွဲထားပြီး၊ အကာအကွယ်ယူစစ်တိုက်ခြင်း၊ အိမ်တွင်းအသုံးအဆောင်ပစ္စည်းမျိုးစုံများကို ခိုးယူသယ်ထုတ်ခြင်း၊ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပင်လောင်းမြို့နယ်ရှိ ပအိုင်းကျေးရွာပေါင်း ၉ ရွာ၊ အကုန်ပြာကျသွားခဲ့သည်၊ ဆီဆိုင်မြို့ နယ်ထဲတွင်လည်း စုစုပေါင်းကျေးရွာ ၇ ရွာ၊ ဟိုပုံးမြို့နယ်တွင် စုစုပေါင်းကျေးရွာ ၆ ရွာ ပြာကျပျက်စီးခဲ့သည်။
ထို့အပြင် KNDF အဖွဲ့ ဝင်များက ပအိုင်းပြည်သူအပေါ် ညှဉ်းပန်းနှိပ်စက်ပြီး၊ ပစ်သတ်ခဲ့၍ ပအိုဝ်းသံဃာတော် (၆)ပါး ပျံလွန်တော်မူခဲ့သည့်အပြင် နောက်ထပ်ပစ်သတ်ခံရသည့် ပအိုင်းပြည်သူများမှာ အသက် ၅ဝ အထက် အမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး ၁၁ ဦး အသက် ၅ဝ နှင့် ၁၅ နှစ်ကြား အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦး ပစ်သတ်ခဲ့၍ စုစုပေါင်း ပအိုင်း ရဟန်းရှင်လူပြည်သူများအားလုံး စုစုပေါင်း ( ၇၉ ) လောင်းသတ်ဖြတ်ခံထားရသည်ကို မျက်မြင်သက်သေများဖြင့်ပြုစုထားသည်ဟုလည်း ပြောသည်။
ထို့အတွက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNDF ခေါင်းဆောင်များဖြစ်သည့် စစ်ရာဇာဝတ်ကောင် ပြစ်မှု ကျူးလွန်သူ ခူးရီဒူနှင့် မာဝီတို့အပြင် အပေါင်းအပါ တာဝန်ရှိသူများကို စစ်ခုံရုံးအထိခေါ်ဆောင်သွားပြီး တရားမျှတသည့် ဥပဒေရှေ့မှောက်တွင် တရားစီရင်ပြစ်ဒဏ်ပေးသွားမည်ဟု ပအိုဝ်းပြည်သူတရပ်လုံး၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
