
၂၃. ၅. ၂၀၂၅
Written by Nay Moe
ပခုက္ကူမြို့နယ် ဘုန်းကံရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရေစကြို PDF ဖမ်းဆီးထားသည်ဟု ဖမ်းဆီးလိုက်သည့် Southern YSO PDF အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
မေလ ၁၈ ရက် နေ့လယ် ၂ နာရီအချိန်တွင် ပခုက္ကူမြို့နယ် ဘုန်းကံရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်သုံးဦး ပခုက္ကူမြို့ရှိ KTV သို့ လာရောက်စဉ် လမ်းကြောင်းတစ်နေရာတွင် Southern Local PDF တပ်ပေါင်းစုအဖွဲ့က အရှင်ဖမ်းဆီးရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။
ဖမ်းမိသောရဲတပ်ဖွဲ့ဝင်သုံးဦးမှာ ရဲဒုတပ်ကြပ်သီဟအောင်(လ ၂၃၉၉၉၉)၊ ရဲတပ်သားလှဘုန်း (လ၂၉၈၃၀၇) နှင့် ရဲတပ်သား စည်သူလွင် ( လ ၃၀၂၄၉၆) တို့ဟု ပြောပြီး ဖုန်း ၃ လုံး၊ ငွေကျပ် ၁၉၈,၀၀၀ကျပ်နှင့် လက်ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ဆိုသည်။
Southern Local PDF တပ်ပေါင်းစုတွင် Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF YSO၊ King Cobra၊ ဒေါင်းစစ်သည် အဖွဲ့တို့ပါဝင်ပြီး ဖမ်းမိ ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်သုံပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း ဖော်ပြထားသည်။
