



၂၁.၅.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော ထိုင်းသီချင်းဆို ပြိုင်ပွဲကြီးဖြစ်တဲ့ “T-Pop Star Challenge Myanmar Season 2” ကို လာမယ့် ဇွန်လမှာ Novotel Yangon Max Hotel Ballroom ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“T-Pop Star Challenge Myanmar Season 2 မှာ ဆန်ခါတင်ပြိုင်ပွဲဝင် ၈ ဦးက တိုက်ရိုက် (Live) ဖျော် ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ Winner ဆုရရှိသူက ဆုကြေးငွေအနေနဲ့ “ငွေသား ၃,၂၀၀ USD” ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲကိုတော့ “Thai Festival 2025 ” ပွဲတော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းကျင်းပတာလည်း ဖြစ်ပါတယ်”လို့ အဆိုပါပွဲတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ “Thai Festival 2025” ပွဲတော်ကြီးကို လာမယ့် ဇွန်လ ၂၁ ရက်ခမှ ၂၂ ရက်အတွင်း ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel Ballroom မှာ ထိုင်းသံရုံးမှ ဦးဆောင်ပြီး ပြန်လည်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲတော်ကြီးမှာ Special Guest တွေအနေနဲ့ ဇွန်လ ၂၂ ရက်မှာ GMMTV ရဲ့ နာမည်ကြီး အတွဲတစ်တွဲဖြစ်ပြီး “Vice Versa”, “We Are” နဲ့ “Perfect 10 Liners” တို့လို နာမည်ကြီး ထိုင်း Series တွေမှာ ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ Aou-Boom တို့ ပါဝင်လာမှာပါ။ ဒီနှစ် ၂၀၂၅ မှာလည်း ” Only Friends: Dream On” နဲ့ Memoir of Rati” Series တို့မှာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပြင် ထိုင်းအစားအစာတွေနဲ့ ဖျော်ရည်တွေ၊ အလှကုန်ပစ္စည်းတွေနဲ့ ဖက်ရှင်တွေ၊ ခရီးသွားဝန် ဆောင်မှုတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဆိုင်ရာရရှိနိုင်မယ့် Package တွေနဲ့ ထိုင်းအနုပညာဆိုင်ရာပစ္စည်းတွေကို ဆိုင်ခန်းပေါင်းများစွာနဲ့ ခင်းကျင်းပြသမှာဖြစ်တယ်လို့ သိရပါတယ်။
