
၂၁.၅.၂၀၂၅
Written By Thandar
The Teacher ရုပ်ရှင်ဇာတ်ကားက တစ်ဆင့် ပရိသတ်အားပေးမှုရရှိထားတဲ့ မင်းသမီး မြယာကတော့ ဆရာမကာရိုက်တာနဲ့ တွဲမိပြီး သရဲမင်းသမီးလို့ အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်မိပါတယ်လို့ ဖွင့်ဟလာ ပါတယ်။
“တကယ်တော့ သရဲကားဆိုရင် လူတိုင်းက သရဲကိုပဲ စိတ်ဝင်တစားလိုက်ကြည့်ကြတာလေ။ သရဲမပါဘဲ စိတ်ခြောက်ခြားစရာ ထိတ်လန့်စရာတွေကို အဓိက ရိုက်တာဆိုတော့လေ။ သရဲဆိုတဲ့ ကားတိုင်းက စိတ်ဝင် စားစရာ တစ်ခုပေါ့နော်။ မြကိုဆို တချို့က သရဲမင်းသမီးလို့ပဲ မြင်နေကြတယ်။ ကိုယ်က ရိုက်ထားတဲ့ အက်ရှင် ဇာတ်တွေ၊ ဒရာမာဇာတ်တွေလည်း မြရိုက်ထားပါသေးတယ် မထွက်လာသေးလို့ပါ။ ကိုယ့်ကို သရဲမင်းသမီးလို့ အသိအမှတ်ပြုပေးလို့လည်း ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် မြယာက ပြောပါတယ်။

သူမကတော့ The Teacher 1 ၊ The Teacher 2 နဲ့ “ညမထွက်ရ” ရုပ်ရှင်ဇာတ်ကားတွေအပြင် “အောင် မြတ်သာရဲ့ ဂမ္ဘီရဆန်တဲ့ဇာတ်လမ်းတွဲနဲ့ “ဝမ်းတွင်းကဝေ မောင်မိုးဆွေ” ဇာတ်လမ်းတွဲတချို့မှာ ပါဝင်သရုပ် ဆောင်ထားသူလည်းဖြစ်ပါတယ်။ မြယာက ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Mya Yar Ko Film Production က “မဖဲဝါ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ပထမဆုံးလုံးချင်းဝတ္ထု “အချစ်စစ်ဇာတ်လမ်းများကို လည်း ရုပ်ရှင်ကားကြီးအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။
“မြကိုပဲ ဆရာမ ကာရိုက်တာနဲ့ တွေ့ကြတာများလို့ ထင်ပါတယ်။ မြကို သရဲကား ၉၀ ရာခိုင်နှုန်းလောက် ကမ်းလှမ်းတာ များတာလည်းပါပါတယ်။ တချို့က မြကို ဆရာမ ဇာတ်ရုပ်လေးတွေ ထက်ရိုက်ပါဦးပြောကြ တယ်။ တချို့ကလည်း တခြား ဇာတ်ရုပ်တွေကို မြရိုက်ပါတယ်။ မြ ဒရာမာ ဇာတ်တွေ သီးသန့် ရိုက်ထားတာရှိပါ တယ်။ မြကို ဒရာမာဇာတ်ရုပ်နဲ့ လက်ခံလာတယ်ဆိုရင် မြ ဒရာမာ ဇာတ်တွေ ဆက်ရိုက်ဖြစ်မှာပါ”လို့ သူမက ဆက်ပြောပါတယ်။
