
၁၉.၅.၂၀၂၅
Written By Thandar
Mingalarpar Miss Myanmar Organization က ပထမဦးဆုံး ရွေးချယ်စေလွှတ်မယ့် Miss Cosmo Myanmar 2025 အဖြစ် အလှမယ် မြင့်မြတ်မိုးကို ရွေးချယ်လိုက်ပါတယ်။
“တကယ်တော့ မိုးက ပြိုင်ပွဲတွေ မပြိုင်ဖြစ်ဘူး။ မပြိုင်ဖြစ်ဘူးဆိုပြီးတော့ ဝင်ပြိုင်ဖြစ်လိုက်တာပါ။ မဖြစ်နိုင်ဘူး၊ မရနိုင်ဘူးဆိုတာ မရှိဘူး။ Try ကြည့်ပါလို့ မိုးရဲ့ မေမေက အမြဲပြောတာပေါ့နော်။ ခုလို ပြိုင်ပွဲကနေ Title တွေ အောက်ရောက်နေကြပေမယ့် အလှမယ်တွေ ကိုယ့်အချင်းချင်းပြန်ဆုံရင် မိသားစုတွေလိုပါပဲ။ အမြဲတမ်း ဖော်ဖော်ရွေရွေ ဖြစ်နေကြတယ်။ မိုးအတွက် ကိုယ့်ရဲ့ စီနီယာတိုင်းကို အားကျတယ်။ မိုးအနေနဲ့ စီနီယာတွေ တစ်ယောက်ချင်းဆီက လေ့လာဖြစ်ပါတယ်။ မိုးက Jealous ဆိုတာထက် အကုန်လုံးစီက တစ်ယောက်တစ်မျိုး ကောင်းတဲ့ အချက်တွေ ယူဖြစ်ပါတယ်။ ကိုယ်ရည်သွေးပြီး ပိုကောင်းအောင်လုပ်ဖို့က အရေးကြီးတယ်လို့လည်း မြင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်ပြီး ကြိုးစားပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ ကံနဲ့စန်းကပေါ့နော် အကောင်းဆုံး ကြိုးစားနေရမှာပေါ့နော်။ ဆရာထူးအံ့လွင်ကို အများကြီးကျေးဇူးတင်တယ်။ ကိုယ့်စီနီယာတွေဆီက အတုယူစရာရှိတာယူပြီး ကြိုဆင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်” လို့ Miss Cosmo Myanmar 2025 အလှမယ် မြင့်မြတ်မိုးက ပြောပါတယ်။
သူမရဲ့ စာနယ်ဇင်းအပ်နှံပွဲကိုတော့ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး Miss Cosmo Myanmar 2025 အလှမယ် မြင့်မြတ်မိုးရဲ့ စာနယ်ဇင်းအပ်နှံပွဲကိုတော့ International က Special Guest တွေ လာရောက်မှာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် အစီအစဥ်လေးတွေကို Mingalarpar Miss Myanmar Youtube Channel ကို ထုတ်လွှင့်ပြသမယ်လို့ဆိုပါတယ်။ အလှမယ် မြင့်မြတ်မိုးကတော့ City’s Power of The Year ဆုနဲ့ Miss Grand Myanmar 2024 ရဲ့ 1st Runner Up ဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။
“မိုးကို Miss Grand ပွဲပြီးကတည်းက သရုပ်ဆောင်ပိုင်းတွေ ကမ်းလှမ်းကြတယ်။ မိုးအနေနဲ့ သရုပ်ဆောင်ပိုင်းအတွက် ပညာရည်မပြည့်ဝသေးဘူး။ ရိုက်ကွင်းလည်း မရောက်ဖူးသလို သင်တန်းလည်း တစ်ခါမှမတက်ဖူးတော့လေ။ မှားသွားမှာ ကြောက်လို့ မလုပ်ဖြစ်သေးတာ။ စီနီယာတွေဆီက လေ့လာနေတုန်းပါ။ ခုတော့ ကြိုးစားနေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
#အလှမယ်မြင့်မြတ်မိုး #MyintMyatMoe #MyanmarMiss #MissCosmo #MingalarparMissMyanmar #YoutubeChannel #beautypagent #misscosmomyanmar



