
၁၉. ၅. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို PDF တွေက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အသေဖမ်းဆီးခဲ့တယ်လို့ ကျူးလွန်တဲ့ NUG လက်အောက်ခံ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်းက ဝန်ခံထားပါတယ်။
ရွှေဘိုမြို့နယ်အတွင်းက ညောင်ပင်သာစိုက်ပျိုးရေးသိပ္ပံမှာ အထိုင်ချတပ်စွဲနေတဲ့ တပ်စခန်းကနေ ပန်းရံကျေးရွာကိုလာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတစ်ဦးတို့ကို မေလ ၁၅ ရက် မနက် ၇ နာရီ ၂၀ မိနစ်မှာ PDF တွေက ချောင်းမြောင်းသတ်ဖြတ်လိုက်တာပါ။
ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်အပြီးမှာ ရဲတပ်သား နှစ်ဦးစီက ၃၅ ဗို့ ခြောက်လုံးပြူး အတိုသေနတ် တစ်လက်၊ G-3 တစ်လက်နဲ့ ကျည်တွေကို လုယက်သိမ်းဆည်းခဲ့သလို ဒီတိုက်ခိုက်မှုကို PDF ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်းနဲ့ နယ်မြေခံ ပကဖတို့ပူးပေါင်းကျူးလွန်ခဲ့တာလို့လည်း ဝန်ခံထားမှုအရ သိရှိရပါတယ်။