၁၆. ၅. ၂၀၂၅
Written by Nay Moe
မြင်းခြံ Zero ပြောက်ကျားအဖွဲ့ဝင် PDF တွေဖြစ်ပြီး နဘူးအိုင် တိုက်ပွဲအတွင်း လေယာဥ်ဗုံးကြဲခံရချိန်မှာ တချို့က တစ်စစီ သေဆုံးကုန်တဲ့ PDF ၆ ဦးကို ဒီနေ့ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
နွားထိုးကြီး၊ မြင်းခြံတစ်ဝိုက်မှာ လက်ရှိဖော်ဆောင်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက် မေလ ၁၅ ရက်က မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းကို တက်လုံးပြီး ချောင်းမြောင်းပစ်ခတ်နေတဲ့ PDF တွေအတွက် နောက်ကနေ ချန်ပြီး ကာပစ်ပေးတဲ့ Zero ပြောက်ကျားတပ်ဖွဲ့က PDF ခြောက်ယောက်အပေါ် လေယာဥ်ဗုံးကျပြီး တစ်စစီဖြစ် သေဆုံးကုန်တာပါ။
“တချို့ကျဆုံးညီတွေ သင်္ဂြိုဟ်ခွင့်မရဘူး။ တစ်စစီ။ ကျဆုံး ၆ ယောက်မှာ ၃ ယောက်ပဲ ကောင်းစွာသင်္ဂြိုဟ်ဖို့ စီစဥ်ပေးခဲ့ရတယ်”လို့ Zero ပြောက်ကျားခေါင်းဆောင် ကိုသက်ကြီးက ဆိုပါတယ်။
သေဆုံးကုန်တဲ့ Zero ပြောက်ကျား PDF ၆ ယောက်က မင်းခန့်၊ ဟိန်းပြည့်သော်၊ ဇံထွန်းသန့်၊ ဝင်းနိုင်၊ ကျော်ဖြိုးနိုင်၊ ချမ်းမင်းအောင်တို့ဖြစ်တယ်လို့ သိရပြီး ဒီလို ၆ ယောက်သေတဲ့အတွက် တိုက်ပွဲဖော်ဆောင်မှု အကန့်အသတ်မရှိနားမယ်လို့လည်း Zero ပြောက်ကျားခေါင်းဆောင်က အသိပေးထားပါတယ်။





