
၁၅. ၅. ၂၀၂၅
Written by Nay Moe
ပခုက္ကူနဲ့ ရေစကြိုမှာ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ တပ်စစ်ကြောင်းကို ဖြတ်တိုက်တဲ့ PDF အဖွဲ့တွေထဲက Earthquake PDF အဖွဲ့နဲ့ Southern YSO PDF အဖွဲ့တွေက PDF တစ်ဦးစီ သေဆုံးသွားတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့က ပခုက္ကူမြို့ တပ်မ (၁၀၁)၊ ခလရ(၂၅၄) စစ်ကြောင်းဟာ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာချိန် PDF တွေရဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ချိန် Earthquake People’s Defence Force က အသက် ၂၂ နှစ်အရွယ် တပ်စိတ်မှုးရဲဘော် အသေးလေးဟာ ကျည်ထိသေဆုံးသွားတာလို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မေလ ၉ ရက်မှာ ရေစကြိုက ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ နဲ့ ဆင်ချောင်းရွာပြည်သူ့စစ်ပူးပေါင်းအဖွဲ့ စစ်ကြောင်းကို Southern Local တပ်ပေါင်းစု၊ Southern YSO PDF၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည်နဲ့ BNRA တို့ ချောင်းမြောင်းတိုက်ခိုက်ရာမှာ Southern YSO PDF အဖွဲ့ ထူထောင်ကတည်းက ပါဝင်ခဲ့တဲ့ ၆၀ မမ စနိုက်ပါ လပြည့်လို့ PDF တွေ ခေါ်တဲ့သူ သေသွားပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ ဒီနေ့ ထုတ်ပြန်တာပါ။
ဒီ တိုက်ခိုက်မှုနှစ်ကြိမ်မှာ အခြားသော PDF အဖွဲ့တွေကလည်း သေဆုံးဒဏ်ရာရသူ အများအပြားရှိပေမဲ့ လက်ရှိအချိန်အထိတော့ ထုတ်ပြန်မလာဘဲ ဖုံးဖိထားဆဲ ဖြစ်ပါတယ်။