၁၄.၅.၂၀၂၅
Written By Zun
တရားမဝင် မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ယာဉ်တိမ်းမှောက်၍ ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံ၊ ချင်းရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
မေလ ၁၂ ရက်က တရားမဝင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ယာဉ်တစ်စီး မူယန်မြို့နယ်၊ မဲ့ကွန်ကျေးရွာအုပ်စု၊ ဘန်မိုင်ကျေးရွာအနီး ဒန့်ဟာ-ဒုံမာဒ လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ၉ ဦး လိုက်ပါလာကြခြင်းဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၈ ဦးမှာ ဒဏ်ရာများ ရရှိခဲ့သောကြောင့် ချင်းမိုင်၊ မူယန်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့များက ယင်းတို့၏ လူနာတင်ယာဉ်ဖြင့် ချင်းရိုင် ပရချာနုခရော့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ၎င်းယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ စုံစမ်းဆေးမှုများပြုလုပ်လျက်ရှိရာ ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသားများအထောက်အထားရှိ-မရှိ လည်း ပါဝင်ကြောင်း၊ ဒဏ်ရာရသူများ ပြန်လည်ကျန်းမာလာပါက ထိုင်းနိုင်ငံ တည်ဆဲ ဥပဒေအရ ဆက်လက်အရေးယူမည် ဖြစ်ကြောင်းလည်း သိရသည်။


