MT News
၁၃. ၅. ၂၀၂၅
အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူနှစ်ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် သံမဏိစက်ရုံ (အနောက်)၊ အနီးစခန်းနေ မခင်မိုးမိုးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗထူးတိုက်ခန်း တိုက်အမှတ် DD-5၊ (၇) လွှာနေ မခွန်းဆက်ဝေတို့က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အိုင်သုံးဆင့်ရွာနေ မ—၊ ၂၂/၂၀၂၄ နှစ်အား တရုတ်ဇနီးအဖြစ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ် (၈) မြို့မရဲစခန်းက (ပ) ၁၆၁/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။
ထိုကျူးလွန်မှုဖြစ်စဉ်ကို မဟာအောင်မြေခရိုင်တရားရုံးက မေလ ၁၂ ရက်တွင် တရားခံ မခင်မိုးမိုးလွင် (ခ) မမိုးနှင့် မခွန်းဆက်ဝေတို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
