
MT News
၁၂. ၅. ၂၀၂၅
စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲဝန်းကို ဗုံးခွဲမှု ယမန်နေ့က ကျူးလွန်ခဲ့သည်ဟု ကျူးလွန်သည့် NUG လက်အောက်ခံ PDF နှစ်ဖွဲ့က ယနေ့ထုတ်ပြန် ဝန်ခံလာသည်။
၂၀၂၅ ခုနှစ် မေလ ၁၁ ရက်နေ့၊ ည ၈ နာရီ မိနစ် ၄၀ ခန့်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲဝန်းအတွင်းသို့ Freeland Attack Force ( FLA ) နှင့် Anonymous Fighters Force ( AFF ) တို့မှ လက်ပစ်ဗုံးအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဝန်ခံချက်တွင် ဖော်ပြသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတန်းလျား၏ ထိပ်ဆုံးအခန်းမှာပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရကြောင်းနှင့် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သောအသေးစိတ် အခြေအနေအား ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟုလည်း ကျူးလွန်သူတို့က ပြောသည်။
