
၁၀.၅.၂၀၂၅.
Translated by Htwe Ko Tun
ပါကစ္စတန်အစိုးရက အိန္ဒိယပြည်နယ်တွေမှာရှိတဲ့ ပစ်မှတ် ၂၆ ခုကို ပါကစ္စတန်မောင်းသူမဲ့ လေယာဉ်တွေက နာရီအတန်ကြာတိုက်ခိုက်အပြီး အိန္ဒိယစစ်တပ်ကလည်း ရာဝါလ်ပင်ဒီမြို့၊ ချက်ဝါလ်မြို့နဲ့ ဂျန်မြို့တို့မှာရှိတဲ့ ပါကစ္စတန်လေတပ်အခြေစိုက်စခန်းသုံးခုကို မေလ ၉ ရက်ညကပြန်လည် တိုက်ခိုက်မှုပြုခဲ့တယ်လို့ မေလ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။
ပါကစ္စတန်လေတပ်အခြေစိုက်စခန်းသုံးခုကို အိန္ဒိယက နာရီတော်တော်ကြာတိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှရစ်ဖ် ချောင်ဒရီက မေလ ၁၀ ရက် နံနက်အစောပိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကလည်း တန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ မျှော်လင့်ရတယ်လို့လည်း သူကပြောခဲ့ပါတယ်။
အခုလိုစစ်ရှိန်မြင့်လာရတာကလည်း မေလ ၉ ရက်မှာပဲ အိန္ဒိယနိုင်ငံ ဂျမ်မူးနှင့် ကက်ရှ်မီးယား၊ ပန်ဂျပ်၊ ရာဂျာစတန်နဲ့ ဂူဂျာရတ်ပြည်နယ်တို့မှာ ၂၆ နေရာကို ပါကစ္စတန်က မောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အိန္ဒိယဘက်က လက်တုံ့ပြန်လာတာကြောင့်လို့ ဆိုကြပါတယ်။ ပန်ဂျပ်ပြည်နယ်၊ ဖီရိုဇီပါမြို့မှာ လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်ရဲ့ မေလ ၉ ရက်ညက တိုက်ခိုက်မှုမှာ အရပ်သား သုံးဦးသေဆုံးခဲ့ရပါတယ်။
ဆရီနဂါ၊ ဂျမ်မူး၊ ရာဂျိုရီ နဲ့ တခြားအိန္ဒိယနိုင်ငံ၊ ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်နယ်အတွင်း မြို့ကြီးတော်တော်များများမှာလည်း ပါကစ္စတန်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျရောက်ပေါက်ကွဲသံတွေကြောင့် မေလ ၁၀ ရက် နံနက်ပိုင်းမှာ ဒေသခံတွေ လန့်နိုးလာခဲ့ကြရပါတယ်။
ပါကစ္စတန်ကတော့ သူ့ရဲ့ဝေဟင်ပိုင်နက်ကို မေလ ၁၀ ရက်မှာ နံနက် ၃ နာရီ ၁၅ မိနစ်ကနေ မွန်းတည့် ၁၂ နာရီအထိပိတ်ထားတယ်လို ပါကစ္စတန်အစိုးရက ကြေညာခဲ့ပါတယ်။
Ref- Hindustan Times