MT News
၉. ၅. ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီတွင် ယနေ့ ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်း အမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ စစ်ရေးပြအခမ်းအနားသို့ မြန်မာ့တပ်မတော်၏ ကိုယ်စားပြုသော ရုရှားနိုင်ငံသို့ ဧပြီလ ၂၃ ရက်က ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်မှုဖြင့် ထွက်ခွာသွားခဲ့သည့် မြန်မာ့တပ်မတော်သားများလည်း ပါဝင်ချီတက်နေသည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စင်မြင့်ပေါ်မှ ဂုဏ်ပြုကြည့်ရှုအားပေးခဲ့သည်။
ချီတက်ပွဲကြီးမစတင်မီ စင်မြင့်ပေါ်သို့ရောက်ရှိလာသည့် ရုရှားသမ္မတပူတင်ကလည်း SAC ဥက္ကဋ္ဌနှင့် အတူရှိနေကြသော နိုင်ငံခေါင်းဆောင်များကို နှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။
