၈. ၅. ၂၀၂၅
Written by Nay Moe
ပဲခူး-ရန်ကုန်လမ်းပိုင်း စခန်းသိမ်းတိုက်ပွဲများတွင် Southern Eagle PDF တပ်ရင်း၏ ဆေးမှူးဖြစ်သူ ယနေ့သေဆုံးသွားခဲ့သည်။
“Southern Eagle PDF တပ်ရင်း၊ ဆေးမှူး ရဲဘော် Lightning (၈.၅.၂၀၂၅) ရက်နေ့၊ ပဲခူး-ရန်ကုန်လမ်းပိုင်း၊ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးတာဝန်များထမ်းဆောင်လျက် ကျဆုံးသွားခဲ့သည်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ယနေ့ သတင်းထုတ်သည်။
ပဲခူး- ရန်ကုန်လမ်းပိုင်းတွင် PDF၊ AA စသည့် လက်နက်ကိုင်များက အပစ်ရပ်သည်လိမ်လည်ပြီး ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများပြင်းထန်နေသလို လက်နက်ကိုင်များဘက်ကလည်း ကာလရှည်ထိုးစစ်အတွင်း သေဆုံးမှုများနေသောကြောင့် Southern Eagle PDF တပ်ရင်းက ဖေဖော်ဝါရီလအတွင်းက စစ်သားခေါ်ယူစုဆောင်းမှုများ ပြုလုပ်ခဲ့သလို လက်ရှိတွင်လည်း စစ်သားစုဆောင်းနေသည်။





