၇.၅.၂၀၂၅
Written By Thandar
သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူက လက်ရှိ ပရိသတ်အားပေးမှုများစွာရရှိနေတဲ့ Mahar Application က ထုတ်လွှင့်ပြသနေတဲ့ ဒရာမာဇာတ်လမ်းပုံစံ “မျက်ကွယ်ရာ”ဇာတ်လမ်းတွဲမှာ ဆောင်းရွက်ကြွေဆိုတဲ့ ဇာတ်ရုပ်နဲ့ အိမ်ထောင်ရှင် အမျိုးသမီးထုတွေ မလုပ်သင့်တဲ့အရာလေး သတိထားမိအောင် ပုံဖော်ထားတယ်လို့ဆိုပါ တယ်။
“ကိုယ်က ရွှေထူးနဲ့အတူ ဆောင်းရွက်ကြွေဆိုတဲ့ အိမ်ထောင်သည် သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားသူ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ အေးမြတ်သူက ဒီဇာတ်ကားမှာ ရွှေထူး၊ ရွှေမှုံရတီတို့ပါတဲ့ မျက်ကွယ်ရာ ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ကြွေဆိုတဲ့ ကာရိုက်တာက ကိုယ့်ခင်ပွန်းပေါ်မှာ မမှီခိုဘဲ အမျိုးသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြ Influencer တစ်ယောက်ပေါ့။ နောက် ကြွေဆိုတဲ့နေရာက အိမ်ထောင်ရှင် အမျိုးသမီးထုကြီး မလုပ်သင့်အရာတွေလေးကို သတိထားလို့ရအောင် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းလေးက ဒရာမာဇာတ်လမ်းပုံစံလေးပါ”လို့ သရုပ်ဆောင် အေးမြတ်သူကပြောပါတယ်။
ခရေဖြူ ထုတ်လုပ်ရေးက ဇာတ်လမ်း မယ်ခိုင်၊ ဇာတ်ညွှန်းပိုင်း ညီအောင်ညီ (Sliver Moon) ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးကာ အကယ်ဒမီ ရွှေထူး၊ ညိမ်းသော်၊ အကယ်ဒမီရွှေမှုံရတီ၊ အကယ်ဒမီ အေးမြတ်သူ၊ ဦးဇော်ဝင်းမောင်၊ ဒေါင်းဝေ၊ စုရှိုင်း၊ သာသာ၊ မေဖြူကြည်သင်း စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“မျက်ကွယ်ရာ” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က Mahar Application မှာ စတင်ထုတ်လွှင့် နေတာလည်းဖြစ်ပြီးတော့ အပိုင်း ၁၇ ပိုင်းပါဝင်တယ်လို့ သိရပါတယ်။
#အေးမြတ်သူ #ရွှေထူး #ရွှေမှုံရတီ #AyeMyatThu #ShweHtoo #ShweHmoneYaTi #MaharApplication #မျက်ကွယ်ရာဇာတ်လမ်းတွဲ #MyanmarActress #MyanmarCele




