၂၂.၇.၂၀၂၆
Written ByThandar
ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးက အချစ်ဇာတ်လမ်းပုံစံ မောင်ကကျွန်မကို ချစ်သတဲ့လား ဇာတ်ကား ကန်တော့ပွဲပေးပွဲကို ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“မောင်က ကျွန်မကို ချစ်သတဲ့လား ဆိုတဲ့ ဇာတ်ကားမှာ မောင်လေးချာလီနဲ့ တွဲရမှာပါ။ မိုးယုက ဒီဇာတ်ကားမှာ အမွှမ်းဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ စာရေးဆရာမကြီး နီနီနေနိုင်ရဲ့ ဝတ္ထုလည်းဖြစ်တယ်။ ဆရာမကြီးရဲ့ ဝတ္ထုက စာဖတ်ပရိသတ်တွေကြားရေပန်းစားတဲ့ အချစ်ဇာတ်လမ်းလေးမို့ သဘောကျလို့လက်ခံဖြစ်တာပါ”လို့ သရုပ်ဆောင် မိုးယုစံက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ကိုမျိုးမျိုး (တောင်ကြီး)က စီစဉ်ပြီး ဝတ္ထု နီနီနေနိုင်၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ဟေမာန်ဟိဏ်း၊ အေးမြတ်ချို၊ DOP အောင်စည်သူ၊ AD ဝင်းမြင့်ဦး၊ DP နန်းပန်း၊ ဒါရိုက်တာ သားညီက လာမယ့် ဇူလိုင် ၂၅ ရက်မှာ စတင်ပြီး မော်လမြိုင်၊ သထုံနဲ့ တောင်ကြီးဘက်မှာ ရိုက်ကူးပုံဖော်မှာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ချာလီငြိမ်း၊ ဗီတာမင်၊ မိုးယုစံ၊ မြင့်မြတ်မိုး၊ နေရှိုင်း၊ မှူးထိပ်ထား၊ ရဲရင့်ဘုဏ်း၊ ဉာဏ်မင်းဆက်၊ ဆုလာဘ်ရတနာ၊ ဂျူးဂျူး၊ အောင်ခိုင်၊ ဝင်းမြိုင်၊ ဇော်ဝင်းမောင်၊ ခင်ခင်ကြီး၊ တင်ဇာဝင်းပြည့်၊ ဝင်မင်းသန်း၊ သိင်္ဂီမြင့်၊ စင်သီယာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြပါတယ်။
#ချာလီငြိမ်း #ဗီတာမင် #မိုးယုစံ #မြင့်မြတ်မိုး #နေရှိုင်း #မှူးထိပ်ထား #ရဲရင့်ဘုဏ်း #CharLiNyein #VitaMin #MoeYuSan #MyinyMyatMoe #NayShine #HmueHtateHtar #ShweNadiShweYi #မောင်ကကျွန်မကိုချစ်သတဲ့လား











