သတိုး
၂၂. ၇. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နှင့်ကာဇက်စတန်နိုင်ငံသံအမတ်ကြီးနှစ်ဦးက ယနေ့တွင် ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူပြီးဖြစ်သော မစ္စတာ ငုယင်အန်းဒပ်က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ယနေ့ ဇူလိုင် ၂၂ ရက်နံနက်ပိုင်းတွင် ပေးအပ်ခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ယနေ့တွင်ပင် ပေးအပ်ခဲ့ကြောင်း သိရသည်။








