၂၂.၇.၂၀၂၆
Written By Thandar
Hsu Latt Flim Production က “အိပ်မက်ကမ်းပါး” ဇာတ်လမ်းတွဲမှာ ပိုက်ဆံချမ်းသာပြီး အသက် ၃၅ နှစ် အရွယ် ယောက်ျားစိတ်ပေါက်နေတဲ့ ဖြူဆိုတဲ့ အမျိုးသမီးတစ်ယောက်နေရာက မြင်တွေ့ရမှာပါလို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ယနေ့ ဇူလိုင် ၂၂ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application နဲ့ HEY Play YouTube Channel တို့ကနေ ထုတ်လွှင့်မှာဖြစ်ပါတယ်။
“အေးမြတ်သူက ဒီ အိပ်မက်ကမ်းပါး ဇာတ်လမ်းတွဲမှာက ချမ်းသာတဲ့ မိသားစုက တစ်ဦးတည်းသောသမီး ဖြူဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ အသက် ၃၅ နှစ်အရွယ်နေရာ ဖြူဆိုတဲ့ ကောင်မလေးက ယောက်ျားစိတ်ပေါက်နေတဲ့သူပေါ့နော်။ ဖြူကိုတော့ ဒါရိုက်တာ အောင်ထက်နဲ့ မိဘတွေ လက်ထပ်ပေးလိုက်တာမို့ ဇာတ်လမ်းလေးက အတိတ်နဲ့ လက်ရှိကာလ ဘဝအချိုးအကွေ့များနဲ့ အချစ်၊ အမုန်း၊ အတ္တ၊ လက်စားချေမှုပါတဲ့ ကားလေးပါ။ လျှို့ဝှက်ထားတဲ့ ဇာတ်လမ်းဇာတ်အိမ်မြှုပ်ကွက်လေးတွေပါတာမို့ ပရိသတ်တွေ ကြည့်ရှုဝေဖန် အားပေးကြပါလို့ပြောချင်ပါတယ်”လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ယင်းမာကျော်ဝင်းက ရေးသားထားပြီး ဒါရိုက်တာ ကျော်ထင်က အတိတ်နဲ့ လက်ရှိကာလ ဘဝအချိုးအကွေ့များနဲ့ အချစ်၊ အမုန်း၊ အတ္တ၊ လက်စားချေမှု့စတဲ့ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ဆန်းထွဋ်၊ အကယ်ဒမီ အေးမြတ်သူ၊ ချစ်ခွန်းပိုင်၊ ရှယု၊ ဝိုင်း၊ ပြည့်ဖြိုးစံ၊ သက်ပိုင်၊ ဦးဘဂျမ်း၊ သာသာ၊ ထက်ယမင်းအိမ်၊ ဆုမုဒြာဟန်၊ ကေခိုင်ထွန်း၊ လဲ့ရည်ဝင်း၊ နွယ်၊ ဦးနေသွေး၊ ဦးစိုးအောင်၊ မိုးသားဦး၊ ကလေးသရုပ်ဆောင် ဆုရတနာထိုက်၊ ဟန်နီသျှံ၊ ဘုန်းပြည့်သျှံ၊ ကြယ်စင်သွန်းနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
#ဆန်းထွဋ် #အကယ်ဒမီအေးမြတ်သူ #ချစ်ခွန်းယံ #ရှယူ #ဝိုင်း #ပြည့်ဖြိုးစံ #သက်ပိုင် #SanHtut #AyeMyatThu #ChitKhonYan #ShaYu PyaePhyoSan #အိပ်မက်ကမ်းပါးဇာတ်လမ်းတွဲ #HEYPlayApplication #HEYPlay





