၂၂.၇.၂၀၂၆
Written By Thandar
Real Bros Film Production က မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ ရွှေပင်အို ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြီးတော့ ပုံဖော်ချင်ခဲ့တာကြာပါပြီ။ ဒီဇာတ်ကားကို နာမည်က အမေကြောင့်လို့ပေးဖြစ်ခဲ့တယ်။ နောက်နာမည်တစ်ခုထပ်ရွေးရင်းကတော့ နောက်ဆုံးမှာ မိခင်တစ်ယောက်ဟာ မွေးဖွားလာတာကနေ နောက်ဆုံးအချိန်ထိ သားသမီးတွေအပေါ် မေတ္တာပေးစွမ်းခဲ့ကြလို့ ရွှေပင်အိုလို့တင်စားပေးဖြစ်တာပါ။ မထက်ကလည်း မိခင်တစ်ယောက်ဖြစ်နေကြတာမို့ အကောင်းဆုံး ပါဝင် လုပ်ဆောင်ခဲ့တာပါ”လို့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အောင်ခန့်ဇော် (စိန်ပေါလ်)၊ ဇာတ်ညွှန်း နေစိုးသော်၊ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ပြင်ဦးလွင်ဘက်မှာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က မိခင်တစ်ယောက်ရဲ့ အချစ်နဲ့ မေတ္တာကို ပုံဖော်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ညီထွဋ်ခေါင်၊ ထွန်းကိုကို၊ အကယ်ဒမီ ထက်ထက်မိုးဦး၊ မိုးဟေကို၊ နော်ဖောအယ်ထား၊ မြယွန်း၊ အကယ်ဒမီ ဝါဝါအောင်၊ ဧည့်သည်သရုပ်ဆောင်အဖြစ် အကယ်ဒမီ မေသန်းနု၊ ဘရန်း၊ ဆုရှိုင်း၊ မြတ်ကို၊ ဥက္ကာ၊ ဦးဝင်းမြိုင်၊ ကောင်းစံ၊ အိုကေ၊ ဘဲတော၊ ကလေးသရုပ်ဆောင် ငြိမ်းဆုဝေတို့က ပါဝင်အားဖြည့်ထားကြပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ မထက်@ထက်ထက်မိုးဦးနဲ့ ပထမဦးဆုံး ဆုံပြီးရိုက်ခဲ့ရတဲ့ကားပါ။ ဒါရိုက်တာ ဦးစတီးလ်နဲ့ရော အလင်းရောင်ရော ပထမဦးဆုံး ဆုံရတဲ့ကားပါ။ ကိုယ့် သူငယ်ချင်း လမ်းမှားရောက်နေတဲ့သူကို လမ်းမှန်လျှောက်အောင် တစ်ဖက်ကနေ သတိပေးတတ်တဲ့ သူတစ်ယောက်နေရာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ ကျရာကာရိုက်တာ ပီပြင်အောင် နှစ်ဦးနှစ်ဖက်ရော အပေးအယူမျှအောင် ရိုက်ကူးခဲ့ကြပါတယ်”လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။
ရွှေပင်အို ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင် ၂၄ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ထက်ထက်မိုးဦး #အလင်းရောင် #ညီထွဋ်ခေါင် #ထွန်းကိုကို #မိုးဟေကို #နော်ဖောအယ်ထား #မေသန်းနု #ဝါဝါအောင် #စတီးလ်ဒွေးမေတ္တာ #HtetHtetMoeOo #ALinnYaung #NyiHtutKhaung #TunKoKo #MoeHayKo #NawPhawEhHyar #ရွှေပင်အို










