၂၀.၇.၂၀၂၆
Written By Thandar
Royal King Production က Drama & Thriller ဆန်ဆန် ဇာတ်လမ်းပုံစံ “အမုန်းမျက်ရည်” ဇာတ်လမ်းတွဲကို ယနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ Mahar Application က ည ၈ နာရီ နဲ့ Mahar TV Channel ည ၇ နာရီတို့မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။
“ဒီဇာတ်လမ်းတွဲဟာ အချစ်ကို အခြေခံထားပေမယ့် အချစ်နောက်ကွယ်က ပိုင်ဆိုင်လိုစိတ်၊ အတ္တနဲ့ စွဲလမ်းမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် သံသယတွေ၊ ဖုံးကွယ်ထားတဲ့ မရိုးသားမှုတွေကြားက အမှန်တရားကို မျက်လှည့်ဆန်ဆန် လှည့်ကွက်တွေနဲ့ ပုံဖော်ထားတဲ့ Drama & Thriller ဆန်ဆန် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်”လို ဒါရိုက်တာ တင်အောင်ကျော်က ပြောပါတယ်။
ဒီဇာတ်ကားကို ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို နေခန့်ကျော်က ရေးသားရေးညွှန်းထားပြီး ဒါရိုက်တာ တင်အောင်ကျော်နဲ့ တွဲဖက်ဒါရိုက်တာ နေခန့်ကျော်တို့က Drama & Thriller ဆန်ဆန်ဇာတ်လမ်းပုံစံ ရိုက်ကူးထားပါတယ်။
သရုပ်ဆောင်တွေအဖြစ် ထက်အောင်ရှိုင်း၊ ရှင်မွေလ၊ ဘုန်းမင်းနေလ၊ သားညီ၊ ဘုန်းလျှံ၊ အကယ်ဒမီ ယွန်းယွန်း၊ ယမုံမြင့်မြတ်၊ မေလသံစဉ်၊ ဘေဘီမောင်၊ အကယ်ဒမီ ဝါဝါအောင်၊ အိမ့်ကြာဖြူ၊ သူဇာပွင့်၊ ဦးဝင်းမြိုင်၊ ဇင်မျိုး၊ နိုင်လူ၊ ကျော်ဇင်ထွဋ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းဆိုးရမယ့် ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ဇာတ်ကောင် ကာရိုက်တာတွေအပေါ်မူတည်ပြီး ဇာတ်တွေလက်ခံဖြစ်တာများတယ်။ သရုပ်ဆောင်တွေက တော်တော်လေးများတယ်။ ပရိသတ်အကြိုက်တွေ့စေမယ့် ဒရာမာဇာတ်လေးပါ။ အပိုင်း ၂၀ ပါဝင်ပါတယ်”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။
#ထက်အောင်ရှိင်း #ရှင်မွေလ #ဘုန်းမင်းနေလ #အကယ်ဒမီယွန်းယွန်း #ယမုံမြင့်မြတ်
#အမုန်းမျက်ရည် #HtetAungShine #ShinMawLa #YoonYoon #YaHmoneMyintMyat
#Mahar #MaharApplication
